အပိုင်း ၃

Começar do início
                                    

ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့် Suit အပြည့် ဝတ်ဆင်ထားသော လူတစ်ယောက်သည် တစ်ကိုယ်လုံး သွေးများ ပေကျံလျှက် ယိုင်တိ ယိုင်တိုင်နှင့် ပြေးလာသောကြောင့်ပင် ။

Coat အနက်အောက်က ဝတ်ဆင်ထားသော ရှပ်အင်္ကျီအဖြူ၏ ဝမ်းဗိုက်နားတွင် သွေးများ စိမ့်ထွက်နေသော ဒဏ်ရာတစ်ခုရှိနေပြီး လက်ဖြင့် ဖိအုပ်ကာ ကိုင်ထား၏ ။ သွေးစွန်းနေသော နောက် လက်တစ်ဖက်ကမူ ပစ္စတို သေနတ် တစ်လက်ကို ကိုင်ထားလေသည် ။

Baekhyun သည် ဆေးကျောင်းသား တစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့ ဒဏ်ရာ အပြင်းအထန် ရနေသူမျိုးအား အပြင်တွင် တစ်ခါမှ မမြင်ဖူးသဖြင့် အကြီးအကျယ်ကို ထိတ်လန့်သွားရလေသည် ။

ယိုင်တိယိုင်တိုင်နှင့် လျှောက်လှမ်းလာသော ထိုလူသည် ငုံ့ကျနေသော ခေါင်းကို မော့ကြည့်သောအခါ ခြံတံခါးဝတွင် ထိတ်လန့်စွာ တောင့်တောင့်ကြီး ရပ်နေသော Baekhyun အား တွေ့သွားလေ၏ ။

ထိုမျက်ဝန်းများသည် အရှိန်အဝါတစ်ခု ရှိလွန်း၍ Baekhyun တစ်ကိုယ်လုံးအား လှုပ်မရ ထိန်းချုပ်ထားလိုက်သလိုပင် ။ အော်ဟစ်ဖို့ပင် သတိမရ ။

" ငါ...ငါ့ကို ကူညီ "

ခပ်သြသြ ထွက်ပေါ်လာသော အသံက ရထားသော ဒဏ်ရာကြောင့် အတန်ငယ် ဖျော့တော့နေ၏ ။ Baekhyun သည် မိမိဆီသို့ ဦးတည်ချက်ပြောင်း၍ တိုးဝင်လာသော ခန္ဓာကိုယ်ကြီးကြောင့် ထိတ်လန့်စွာ မျက်လုံးများကို စုံမှိတ်ချလိုက်မိသည် ။

သို့သော် သူ့ပုခုံးပေါ်ထက်သို့ ကြမ်းကြမ်းတမ်းတမ်း ကျရောက်လာသည်မှာ သေနတ်ကိုင်ထားသော ကြီးမားသည့် လက်တစ်ဖက်တည်း ။

Baekhyun တစ်ကိုယ်လုံး တုန်တက်သွား၍  မျက်ဝန်းများကို  ပြန်ဖွင့်ကြည့်ချိန်တွင် မိမိကို နီးကပ်စွာ အုပ်မိုးထားသော ခန့်ညားလွန်းသည့် မျက်နှာနှင့် စူးရှသော မျက်ဝန်းထက်မှ ကန့်လန့်ဖြတ် အမာရွတ်တစ်ခုကို တွေ့လိုက်ရလေသည် ။

ထိတ်ခနဲ လှိူက်ခုန်သွားသော နှလုံးသားသည် ထိတ်လန့်မှုကြောင့်လား ဒါမှမဟုတ် အခြားအကြောင်းပြချက်လားဆိုတာကို မဝေခွဲနိုင်ခဲ့ ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Onde histórias criam vida. Descubra agora