"ဘာကွ!!ဘာကိစ္စသူအဖက်မလုပ်တာနဲ့ ငါကမင်းကိုအပြစ်တင်ရမှာလဲ!! ဟေ့ရောင်Krist!! မင်းကဘာဖြစ်ချင်တာလဲ? ဘာလဲမင်းက ဘဲရှိလူတန်းစားဆိုတော့ငါတို့ကိုနှိမ်တာလား?!! ဟေ့ရောင်မင်းထက်!! ဒီကောင်ငါတို့ကိုလာနှိမ်နေတာ မင်းတွေ့လား? ဒီကောင်..အေ့.. ဒီကောင်က နာချင်လို့စာတင်နေတာဟေ့ရောင်!!... မင်းကသတ္တိရှိနေတာလား လာလာ ငါနဲ့one by oneချမလား ဟေ့ရောင် နေရာမရွေးဘူးနော် မင်းသိလား ငါဘာကောင်လဲဆိုတာ!! "

ညီစေက မည်းမည်းမြင်ရာထကိုက်တော့မယ့် ခွေးလေးလို Kristကိုရန်စကားစပြောလာသည်။

"ဟင်းးးညီစေရေ တစ်ကယ်တော့ငါဖြစ်ချင်နေတာက  ငါ့အသည်းကို လိုချင်နေတာပဲဟေ့!!"

"ဘာကွ!!မင်းက ဘယ်သူ့ကိုလိုချင်တာ ငါ့အသည်းဟုတ်လား ?ဟေ့ရောင် မင်း ငါ့ကိုတောင်နိုင်အောင်ချပါအုံး ငါ့အသည်းတော့မရဘူး မင်း     ငါ့ဂွေးစိပဲရမယ် ဟေ့ရောင် "

"ဟာ ငါကငါ့အသည်းကိုလိုချင်တာ မင်းဂွေးစိဘာလုပ်ရမှာလဲကွာ "

"ဘာ!!မင်းက ငါ့ကိုမထိတာလားမခန့်တာလား အေ့ ငါ့အသည်းပဲလိုချင်တယ်ပြောနေတာ!! လာလာ မင်းလာ.. အေ့ ဟေ့ရောင်တစ်ကိုယ်လုံးနက်မှောင်နေတဲ့အကောင် ငါ့အသည်းကိုလိုချင်ရင် ငါ့ကိုလာသတ်လေ လာစမ်းပါ!!လာ လာ ..!!"

လက်ညှိုးတစ်ချောင်းကိုကွေးလိုက်ဆန့်လိုက်လုပ်ပြီး စားပွဲထိပ်က Kristကိုဇွတ်အတင်းသတ်ခိုင်းနေတော့သည့် ညီစေက တစ်ကယ်တမ်းမူးနေတာမဟုတ်ပဲရီဝေဝေဖြစ်ပြီး သက်သက်ရစ်နေတာအသိသာကြီးဖြစ်သည်။
ညီစေရဲ့အကျင့်က အရက်သောက်ပြီးရင် အသေရစ်တာပါပဲ ဟုတ်တာကော မဟုတ်တာကော စိတ်ကြိုက်အပြစ်ရှာပြီး ရစ်တတ်သည်။ ...

"ညီစေရာ အေးဆေးသောက်ပြီးFeelနေနော် ငါFeelယူနေတယ်လေကွာ ငါ့အသည်းကို မင်းကလိမ်မာပါတယ်ကွာနော် "

"ဘာ ငါ့ကိုလိမ်မာတာတွေရော ဘာတွေကောပြောနေရအောင်မင်းကငါ့အဖေမလို့လားကွ!!မင်းမေလခွမ်းတဲ့ ...မင်းမေ#***##  ....."

ညီစေက အခန်းထဲကလူအကုန်ကြားရလောက်မယ့်အသံနဲ့ စားပွဲထိပ်က Kristကို မျိုးစုံဆဲနေတော့သည်။

Commando🍁(Complete)Where stories live. Discover now