"ဆောရီးပါဗျာ စကားမှားသွားရင် ကျွန်တော်လဲခများတို့လိုပဲ လက်ထပ်ထားလို့ပါ "

"ဟင်..." "ဟမ်."
ထို၂ယောက်အံသြသွားပြီး ပြုံးစိစိနဲ့ဖြစ်လာတော့မှ ရှောင်ကျန့်လဲလိုက်ပြုံးမိတော့သည်....

တိုက်ဆိုင်လိုက်ပုံများ မျက်နှာချင်းဆိုင်အခန်းဖြစ်နေပြီး ရှောင်ကျန့်ကိုအခန်းထဲ အလည်ခေါ်၍ လိုက်သွားတော့သည်...

ခင်မင်ရင်းနှီးမှုတွေရပြီးနောက် သိလိုက်ရတာက ကလေးလေးက သူတို့၂ဦးရဲ့သွေးသားအရင်းတဲ့လေ အငှားကိုယ်ဝန်နဲ့မွေးခဲ့တာတဲ့ သူတို့ရဲ့လက်ထပ်ယူခြင်းကအခက်ခဲများစွာရှိခဲ့တဲ့ပုံပဲ....

သူလဲသူ့အကြောင်းပြောပြပေမဲ့ များများစားစားမှမရှိဘဲလေ...

စကားပြောကောင်းနေတုန်း ရှောင်ကျန့်ဖုန်းလာ၍ ကြည့်လိုက်တော့.. ရိပေါ်...

"ဟလို ရိပေါ် "

"ရှောင်ကျန့် အခန်းထဲမှာမရှိဘူး ဘယ်တွေလျှောက်သွားနေတာလဲ "

"မိတ်ဆွေနဲ့တွေ့နေလို့ ငါအခုပြန်လာပြီ... "

ရှောင်ကျန့်နှုတ်ဆက်ပြီး အခန်းပြန်တော့ Zကလိုက်ပို့ပြီး
"Xiao...တကယ်ချစ်ရင် ပိုင်ဆိုင်နိုင်ဖို့သတ္တိမွေးပါ xiao သူ့ကိုချစ်တယ်မလား "

"ဘယ်လိုလုပ်သိလဲ သူ့အကြောင်းပြောတုန်း xiaoရဲ့မျက်လုံးတွေကအချစ်တွေ့ပြည့်နေတယ်လေ "

"ဟား..."

"ကံကောင်းပါစေ xiao..."

"Thank You Z "

Zကိုဖက်ပြီးနှုတ်ဆက်ကာ အခန်းကိုယ်စီဝင်ကြတော့သည်...

ရှောင်ကျန့်မမြင်လိုက်တာက လျှောက်လမ်းအဆုံး ပန်းအိုးကြီးနောက်က ဒေါသထွက်နေတဲ့ ရိပေါ်ကိုပင်....

"ရှောင်ကျန့် ငါ့သည်းခံနိုင်စိတ်ကုန်သွားပီ"

ရိပေါ်အောက်ထပ်ကိုပြန်ဆင်းပြီး တနေရာကိုဦးတည်လိုက်သည်....

.................................

၁၅မိနစ်ခန့်အကြာ....

"ရိပေါ် ပြောတော့အခန်းထဲမှာဆို..."

Game Of Lifeحيث تعيش القصص. اكتشف الآن