[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။

3K 514 4
                                    

!Unicode!

အခန်း(၄၆) ကိုယ့်နှလုံးသားက ကျောက်တုံးမဟုတ်ဘူး။

အပြုံးတစ်ပွင့်ဖြင့် ယွင်ရှဲ့ဟာ ကျန်းရွှင်းယီကို ပြောလာ၏။
"မင်းနာမည်ကအရမ်းအသုံးဝင်တာပဲ။ မင်းအဲ့နာမည်ကိုတစ်ခါအော်လိုက်တာနဲ့ လူတွေအများကြီးကိုဆွဲဆောင်နိုင်လိမ့်မယ်။"

ကျန်းရွှင်းယီက သူ့လက်ကောက်ဝတ်ကိုလိမ်ချိုးလိုက်ပြီး ပြုံးနေပုံရသည်။
"မင်းက ငါ့ကိုမျက်နှာသာမပေးဘူးပဲ။ မင်းသေချင်တယ်ဆိုရင်လည်း ငါ့ကိုစောစောစီးစီးပြောခဲ့သင့်တယ်။"

သူတို့နှစ်ဦးသတ်ပုတ်ရန်ပြင်နေသည်ကို ကြည့်နေရင်းဖြင့် သူတို့ကိုလိုက်ရှာနေကြသော အနီးအနားရှိကျင့်ကြံသူတွေသည် သူတို့ကိုဝန်းရံထားလိုက်ပြီဖြစ်၏။ ကျန်းရွှင်းယီက သူ့လက်ကိုခဏလွှတ်ပေးလာ၍ ယွင်ရှဲ့တစ်ယောက်နှုတ်ဆက်စကားဆိုလိုက်သည်။
"တစ်ညလောက်မတွေ့ရလိုက်တာကို လူတိုင်းကမျက်တွင်းကျနေကြတာပဲ။"

သို့ဖြစ်ပါလျက် ပထမဆုံးရောက်ရှိလာသူသည် လေလွင့်ကျင့်ကြံသူဇီဟွေ့မဟုတ်သကဲ့သို့ ဖုန်ရွှယ်လဲမဟုတ်ခဲ့ပါချေ။ ယွင်ရှဲ့သည် သူ၏အရှေ့၌ရှိနေသောရင်းနှီးသည့်မျက်နှာတွေကိုမြင်လိုက်ရ၍ သူ၏မျက်ခုံးများဟာ အံ့သြမှုဖြင့်ပင့်တက်သွားရသည်။

"ဒါကမင်းရဲ့ညာလက်ရုံးယန်ချီရှင်းမဟုတ်လား။"
ကျန်းရွှင်းယီပြောလိုက်သည်။
"ယန်ရှန်းဂိုဏ်းကလူတွေတောင်မှ အပြေးအလွှားရောက်လာကြတာပဲ။ ကြည့်ရတာ ဒီတစ်ကြိမ်ကိစ္စကပေါ့သေးသေးတော့မဟုတ်လောက်ဘူး။ ငါတကယ်ရင်ဆိုင်ရတော့မယ်။"

"ဒါပေါ့။ ဘယ်သူက ကျန်းသခင်လေးကို အထင်သေးရဲမှာတုန်း။"
ယွင်ရှဲ့ကအပြုံးတစ်ပွင့်ဖြင့်ပြန်ဖြေလာရာ သူ၏အသံသည် ညင်သာနေ၏။ ထို့နောက် သူ၏မျက်လုံးများကို ယန်ချီရှင်းဆီရွှေ့လိုက်သည်။ သို့ပေမယ့် သူ၏မျက်နှာထက်တွင် အပြုံးဟူသည့်အရိပ်အယောင်တစ်စွန်းတစ်စမျှမရှိပါချေ။
"ငါတကယ်မပြောနိုင်ဘူးပဲ။ ချီရှင်း၊ မင်းက ပျော်စရာလေးတွေမှာပူးပေါင်းရတာကိုကြိုက်တဲ့လူတစ်ယောက်ဖြစ်နေပုံပဲ။ ပြဇာတ်ကြီးကိုကြည့်ဖို့ မင်းရဲ့ညီအစ်ကိုတွေကိုတောင်ခေါ်လာခဲ့သေးတယ်။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now