part (11)

2.7K 216 20
                                        

စက္ကန့်သံဟာ တစ်ချပ်ချပ်.....
နံရံပေါ်က နာရီဟာ 11 နာရီကို ညွှန်ပြနေပြီ...
မနက်ကတည်းက ထွက်သွားတဲ့ သူဟာ အခုထိဖုန်းတစ်ချက်မှမဆက်.. messageတစ်စောင်မှ မပို့....
စောင့်နေရသူထက် မျှော်နေရသူက ပိုပင်ပန်းသည်ဆိုတာကို လက်တွေ့မို့ ယုံရတော့မည်....မနက်က သူပြောခဲ့သောစကားကြောင့် Alex တို့အိမ်က ပါတီကို လာဖို့ ငြင်းဆန်ပြီးပြီလေ....

စိတ်တို့ဟာ လွန်ဆွဲနေသည်...သူရှိရာ ဆေးရုံသို့လိုက်သွားရမည်လော....အိမ်မှာနေရင်း ထိုင်စောင့်ရမည်လော.... ထိုင်၍လည်းမနေနိုင်ပြန်... အိမ်ရှေ့ဝရံတာမှာ Nini၏ ခြေရာများ ထပ်နေလိမ့်မည်...ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသောကြောင့်သာ...

မတတ်နိုင်သည့်အဆုံး ချိတ်ထားတဲ့ long coat ကိုဖြုတ်ကာ ခြေလှမ်းတို့ဟာဆေးရုံသို့ဦးတည်‌တော့သည်....

•••

Youngပြောခဲ့သော စကားကြောင့် ကိုယ်မှားမှန်းဆင်ခြင်မိသည်....ဒါပေမဲ့ သူမကို တောင်းပန်ဖို့ အင်အားမရှိ...ဒါဟာ youngပြောသလို lili အတ္တ တွေကို သူမ ထက် ပိုချစ်နေလို့လား ဆိုတာကတော့ စဉ်းစားစရာ...

Count downမလုပ်ခင် ကာရာအိုကေ ဆိုနေကြသောကြောင့် သီချင်းသံတွေကြား ခေါင်းနောက်လာသည်....အပြင်ထွက်ကာ လေကောင်းလေသန့် ရှူမယ် တွေးပြီး ထိုင်နေရာက ထလိုက်တော့....

Doctor - "doctor li....သီချင်းတစ်‌ပုဒ်လောက်ဆိုပါဗျ....လာပါ... doctorအသံကောင်းတာသိပါတယ်...."

Doctor တစ်ယောက်က စင်ပေါ်မှ မိုက်နဲ့အော်တော့ ကြောင်သွားမိသည်....နဂိုကတည်းက နာမည်ကြီးသူမို့ တောင်းဆိုသံတွေဟာ ဟိန်းထွက်လာသည်.....

All- "doctor li... doctor li...... doctor li......"

စိတ်ရှုပ်တတ်သော်လည်း မငြင်းသာသောကြောင့် stage ပေါ်တက်ခဲ့သည်.....

All- "doctor li... doctor li.... doctor li....."

Lili- "ဟုတ်ပါပြီ ဟုတ်ပါပြီ...ဆိုပါ့မယ်....အခု lili
ဆိုမဲ့သီချင်းက တစ်စုံတစ်ယောက်ကိုရည်ရွယ်ပါတယ်.....အခုဆေးရုံထဲမှာ အလုပ်လုပ်တဲ့လူတွေထဲက တစ်ယောက်ပါပဲ...."

အဲလိုပြောလိုက်တော့ ဝိုး ဝါး ဆိုတဲ့အသံတွေထွက်လာသည်...ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နင်လား ငါလား ဆိုသည့်အကြည့်မျိုးတွေနှင့်.....သနားစရာတော့ ကောင်းသည်..lili ချစ်သည်မှာ nini ဖြစ်ကြောင်းမသိကြသူများလေ.....အခုအချိန်ဆို lili ချစ်တဲ့သူမဟာ သူမရဲ့ ရည်းစားအိမ်က party မှာ ပျော်နေလောက်ပြီ.....

My ExistenceWhere stories live. Discover now