CHAPTER 40 - Because of you

9.8K 1.7K 342
                                    

Unicode

သူဒီအခြေအနေနဲ့ကားမောင်းရင် သူကိုယ်တိုင်နဲ့တခြားသူတွေအတွက်ပါ အန္တရာယ်ရှိနိုင်တယ်ဆိုတာသိတာမို့ စုန့်ရီခေါင်းညိမ့်လိုက်တယ်။

လမ်းတစ်လျှောက်မှာ သူကဘာအမူအရာမှမရှိဘဲထိုင်ခုံမှာမှီထိုင်နေတယ်။ သူ့စိတ်ထဲမှာ နှစ်ပေါင်းများစွာ အလျစ်လျူရှုခံ အမေ့ခံရတဲ့သူဘဝအကြောင်းနဲ့ပြည့်နေတယ်။

သူနားမလည်နိုင်ခဲ့တဲ့အဲ့ဒီအရာတွေကို အ
ခုတော့ သူ​သဘောပေါက်သွားပီဖြစ်တယ်။

သူငယ်ငယ်လေးတုန်းကမိုးသက်မုန်တိုင်းတစ်ခုနဲ့ကြုံခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းကလူတိုင်းက pager လေးတွေသုံးကြတာ။ အခုလိုမျိုးဆက်သွယ်ရေးတွေအဆင်မပြေသေးဘူး။ ဆရာ ဆရာမတွေကကျောင်းသားတွေကိုကျောင်းဂိတ်ဝမှာစုပီး မိဘတွေသူတို့ကလေးကိုလာခေါ်မှာကိုစောင့်ပေးကြတယ်။ စုန့်ရီကသူ့အတန်းဖော်တွေတစ်ယောက်ပ်ိးတစ်ယောက်ပြန်သွားတာကိုကြည့်နေခဲ့ရတယ်။ နောက်ဆုံးမှာ​တော့ ကောင်းကင်ကြီးကမည်းမှောင်လာပီး ကျောင်းရဲ့တံစက်မြိတ်အောက်မှာ သူတစ်ယောက်ပဲမတ်တပ်လေးရပ်လို့ကျန်နေခဲ့တယ်။ အတန်းပိုင်ဆရာမလဲရွေးချယ်စရာမရှိဘဲ သူ့ကိုအိမ်ထိလိုက်ပို့ခဲ့ရတယ်။ ကျောက်ဟုန်းရန်ကအိမ်ပြန်ရောက်လာတဲ့စုန့်ရီက်ုတွေ့တော့ တည်ငြိမ်တဲ့မျက်နှာပေးနဲ့ပဲ ဘယ်လိုပြန်​လာတာလဲဆိုပီးမေးခဲ့တယ်။

သူမဘာတွေထပ်ပြောခဲ့လဲဆိုတာကိုတော့ စုန့်ရီမေ့သွားပီ။ ဒါပေမဲ့အတန်းပိုင်ဆရာမရဲ့ဂရုဏာသက်တဲ့မျက်ဝန်းတွေကိုတော့သူသေချာမှတ်မိသေးတယ်။

အထက်တန်းတတိယနှစ်တုန်းက မနက်မိုးသောက်ယံလောက်ထိ သူစာကျက်ခဲ့တယ်။ ကျောက်ဟုန်းရန်ကတော့ သူရဲ့ဖဲကစားဖော်ကစားဖက်တွေနဲ့ ညလုံးပေါက်ရယ်မောပီးဆူညံစွာ မာကျောက်ကစားနေခဲ့တယ်။ စုန့်ရီလုံးဝစာဖတ်မရခဲ့ဘူး။ သူနားကိုသူဂွမ်းစို့လိုက်ခါမှ သူအေးအေးသာသာဖြစ်သွားတာ။

အဲ့ဒီအချိန်တုန်းကသူကငယ်သေးတော့ ကျောက်ဟုန်းရန်နဲ့ပတ်သက်ပီးတစ်ခုခုမှားနေလားဆိုတာ နားမလည်ခဲ့ဘူး။ သာမန်မိသားစုတစ်ခုကဘယ်လိုမျိုးနေလဲဆိုတာ  သူမမြင်ဖူးတော့ အိမ်အများစုကဒီလိုပဲဖြစ်မှာပါလို့ထင်ခဲ့ဖူးတယ်။ တက္ကသိုလ်တက်လို့အဆောင်ကိုရောက်တော့ သူ့အခန်းဖော်ရဲ့အမေနဲ့ဆက်သွယ်မိခါမှာ ကျောက်ဟုန်းရန်က 'ထူးခြားတယ်' ဆိုတာကိုစုန့်ရီသဘောပေါက်ခဲ့တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now