EPISODE - 16

349 62 28
                                    

EPISODE - 16 (Unicode)

" မောင်လေးတို့ ဒီကိုခဏလာဦး မြန်မြန် "

ကွန်ဒိုအဆောက်အဦးထဲ စဝင်ဝင်ချင်း receptionမှ အစ်မဂျီဟို အသည်းအသန်လှမ်းခေါ်လာသဖြင့် ထယ်ယောင်းတို့နှစ်ယောက်သား ကြောင်အန်းအန်းဖြစ်ကာ ဂျီဟို့ဆီ လျှောက်လာခဲ့သည်။ သူတို့ရောက်လာတော့ အစ်မဂျီဟိုက ဖုန်းကို ဟိုနှိပ်သည်နှိပ်လုပ်ရင်း ဖုန်းကိုသူတို့ဘက် လှည့်ပြလာသည်။

ဖုန်း screenမှ သူတို့နှစ်ယောက်ပုံနှင့် စီကာပတ်ကုံးရေးထားသော Caption အရှည်ကြီး။ comment sectionမှာလည်း အမျိုးစုံသော commentsများ..။ လိုရင်းကို အနှစိချုပ်ရလျှင် သူတို့နှစ်ယောက် အကောင့်ကို လိုချင်သူများနှင့် သူတို့နှစ်ယောက်ကို တွဲပေးနေသူများဟူ၍ နှစ်ဖွဲ့ခွဲ၍ရနိုင်သည်။ postက အတော်လေး ပျံနှံ့နေပုံရပြီး နာရီပိုင်းအတွင်း Likeက သောင်းကျော်နေလေပြီ။

အချိန်တစ်ခဏအတွင်း သူတို့အကြောင်းတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည်ကိုမြင်ရတော့ ထယ်ယောင်း မျက်နှာက သိသိသာသာ ပျက်ယွင်းသွားသည်။ သူများအကြောင်း လိုက်အာရုံစိုက်နေရသည်အထိ လူတွေ အားလပ်နေကြပြီလား။ ဒီအရာတွေကြောင့် လောလောလတ်လတ် ထယ်ယောင်းကို စိတ်ညစ်စရာများ ဖယ်ရှားပေးခဲ့သော Jungkook၏ကြိုးပမ်းမှုက အချိန်တိုအတွင်း အချည်းနှီးဖြစ်သွားခဲ့ရပြန်၏။

" ဒါတွေကို ငါဒီအတိုင်းလွှတ်မထားနိုင်ဘူး။ postတင်ပြီး ပြန်ဖြေရှင်းရမယ်။ ယောက်ျားလေးအချင်းချင်း သူငယ်ချင်းကို လက်တောင်မဆွဲရတော့ဘူးလား။ သူတို့က လိုတာထပ်ပိုလွန်းတယ် "

ထယ်ယောင်းပုံစံက စိတ်တိုနေပုံရသော်လည်း မချိတင်ကဲ စကားဆိုသံက အနည်းငယ် တုန်ရီနေသည်။ ဒါကို Jungkook ကောင်းကောင်းသိသည်။ ဒါက ထယ်ယောင်း ရင်ထဲမှာကြိတ်ပြီး ဝမ်းနည်းနေတာ။ ခဏခဏ စိတ်ညစ်စရာတွေကြုံရလွန်းလို့ ထယ်ယောင်း ဝမ်းနည်းလွယ်လာတတ်ခဲ့တာ။ အနားမှာ နှစ်သိမ့်ပေးမယ့်သူမရှိဘဲ ဒီအတောအတွင်း ထယ်ယောင်း ဘယ်လောက်ထိပင်ပန်းခဲ့မလဲ Jungkook တွေးတွေးပြီး ရင်ထဲမကောင်းဖြစ်ရသည်။

" မောင်လေး အဲ့လိုလုပ်လို့ မဖြစ်သေးဘူး။ အခြေအနေတွေကို ခဏလောက်စောင့်ကြည့်ပါဦး။ လူတွေဆိုတာက poppin ဖြစ်တဲ့အရာဆို ခဏလောက်ပဲ စိတ်ဝင်စားတတ်ကြတာ။ အချိန်တန်ရင် နောက်ထပ် trendတစ်ခုဆီ သူတို့အာရုံရောက်သွားလိမ့်မယ်။ တစ်ရက်နှစ်ရက်လောက်ပဲ သည်းခံလိုက်နော်။ အစ်မပြောတာယုံ တစ်ခုခုဆိုရင် အစ်မကြားထဲက ဝင်ရှင်းပေးမယ်။ ငါ့မောင်လေးတွေ မထိခိုက်စေရဘူး "

Love Scenario (Taekook/Completed) Where stories live. Discover now