[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။

2.5K 471 19
                                    

This part is only for Unicode Users!
....................

အခန်း(၄၄) နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။

ယွင်ရှဲ့ဟာ ကျန်းရွှင်းယီ၏ညာဘက်နားရွက်ဘေးနားမှာပြောလိုက်တာဖြစ်သည်။ သူ၏ဝင်သက်ထွက်သက်လေနွေးနွေးလေးသည် ကျန်းရွှင်းယီ၏အရေပြားပေါ်ကို ဖြတ်တိုက်သွားကာ သူ၏ဦးခေါင်းခွံအားတင်းကြပ်သွားစေသည်။ ကျန်းရွှင်းယီမျက်လုံးတွေကိုလှိမ့်လိုက်ရင်းဖြင့် ယွင်ရှဲ့ကိုတွန်းလိုက်သည်။
"စိတ်ပျက်စရာပဲ!"

ယွင်ရှဲ့ကရယ်မောလိုက်၏။ ကျန်းရွှင်းယီဆက်ပြောလိုက်သည်။
"မင်းသေတဲ့အထိရိုက်နှက်ခံခဲ့ရတာမဟုတ်ဘူးလား။ မင်းဘာလို့အသက်ရှင်နေသေးရတာလဲ။ မင်းက စာအုပ်ထဲကိုတောင် ငါ့လိုမျိုးသွားလိုက်သေးတယ်..မင်းအတိတ်ကိုသွားခဲ့တာလား။"

"ဟုတ်တယ်။"
ကြီးမြတ်သောဆရာသခင်ဟောတိန်ကထပ်ဖြည့်ပြောလာသည်။
"ကျန်းသခင်လေးက ကိုယ်တော်က ယွင်ဂိုဏ်းချုပ်ကိုသတ်ပစ်လိုက်တယ်လို့ ထင်ပြီးတော့ ကိုယ်တော်နဲ့အသေအကြေတိုက်တော့မလို့ပဲ။ ကံကောင်းတာက မင်းတကယ်မသေသွားခဲ့ဘူး၊ မဟုတ်ရင်တော့ ဒီအရိုးအိုကြီးက သူအတွက် တိုက်ခိုက်ဖို့လုံလောက်မှာမဟုတ်ဘူး။"

"မဟုတ်ဘူး။"
ကျန်းရွှင်းယီမြန်မြန်လိမ်လိုက်သည်။
"အဘိုးကြီး၊ ခင်ဗျားပြောချင်တာပြောလို့ရမယ်မထင်နဲ့။ ဘာကြောင့်လဲဆိုတော့ ခုနက ခင်ဗျား ကျုပ်ကိုတွန်းခဲ့တဲ့ကိစ္စကို ကျုပ်ပြန်မပြောချင်လို့ပဲ။"

ဆရာသခင်ဟောတိန်ကဘာမှမပြောပဲ ရယ်သာရယ်နေသည်။
ယွင်ရှဲ့ပြောလာခဲ့သည်။
"စိတ်ချပါ။ ကိုယ်အဆင်ပြေတယ်..တကယ်တော့ မင်းကိုယ့်ကို မုန်းပြီးစိမ်းကားမနေသရွေ့ ကမ္ဘာပေါ်က ဘယ်အရာကမှကိုယ့်ကိုနာကျင်အောင်မလုပ်နိုင်ပါဘူး။"

ကျန်းရွှင်းယီ၏မျက်နှာအေးခဲသွားရသည်။ ဒါပေမယ့် ယွင်ရှဲ့ကို စိတ်ပျက်စရာကြီးဟု သူမခေါ်တော့ပါ။ ဆရာသခင်ဟောတိန်နှင့်လည်း ဆက်လက်အငြင်းပွားမနေတော့ပေ။ ပထမဆုံးအကြိမ်အနေဖြင့် သူခေါင်းလှည့်လိုက်ကာ ယွင်ရှဲ့တည့်တည့်မတ်မတ်ကြည့်မိသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now