EPISODE - 14

378 72 26
                                    

EPISODE- 14 (Unicode )

နမ်ဂျွန်းနှင့် ဆော့ဂျင်တို့ တစ်ယောက်ကိုတစ်ယောက် ဖက်ငိုနေသည့်အချိန် ထယ်ယောင်းတစ်ယောက် ဥယျာဥ်အလယ်က စင်္ကြန်လမ်းကိုဖြတ်ကာ Yerinတို့ ဆေးပညာဌာနဆီ ထွက်လာခဲ့သည်။ ဘာရယ်မဟုတ် မျက်လုံးက အမှတ်တမဲ့ ဘေးက ဥယျာဥ်ထဲအကြည့်ရောက်သွားတော့ သစ်ပင်တစ်ပင်အောက်က ခုံတန်းရှည်တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ဖက်ငိုနေသည့် ယောက်ျားလေး နှစ်ယောက်ကို သူတွေ့လိုက်သည်။

" အခုနောက်ပိုင်း ယောက်ျားချင်းကြိုက်တဲ့ကောင်တွေ တော်တော်များလာတာပဲ။ ကျောင်းသားတကာ အပန်းဖြေနားတတ်တဲ့ ဥယျာဥ်ထဲမှာမှ အရှက်မရှိ ဖက်ယက်နေကြတာများ။ ဘယ်လိုစိတ်မျိုးနဲ့ ယောက်ျားချင်းချစ်နိုင်ရတာလဲ ငါပဲနားမလည်နိုင်တော့တာလား "

ပါးစပ်က ခပ်တိုးတိုးရေရွတ်ရင်း သူ့လမ်းသူဆက်သွားဖို့ကြံတော့ စိတ်ထဲ ထိုနှစ်ယောက်ကို မြင်ဖူးသလိုလို ခံစားရသဖြင့် နောက်ပြန်လှည့်ကာ ထိုနှစ်ယောက်ကို အရှင်းလင်းဆုံးမြင်ရသည်အထိ ပုန်းရင်းကွယ်ရင်း လှမ်းချောင်းကြည့်လိုက်သည်။ ဟော တွေ့ပါပြီ.. သူ့ဘက်ကို မျက်နှာမူထားသည့် ဆော့ဂျင်မျက်နှာကို သူသေချာမြင်နေရပြီ။ နောက်တစ်ယောက်ကိုတော့ နောက်ကျောမြင်ရုံဖြင့် မှတ်မိသည်။ ဒါက နမ်ဂျွန်း..။

နမ်ဂျွန်းဆိုတာ သိသိချင်း ထယ်ယောင်း ဆက်မကြည့်တော့ဘဲ စင်္ကြံလမ်းပေါ်ပြန်တက်ကာ ဆေးပညာဌာနဆီ ဆက်ထွက်လာခဲ့သည်။ သို့သော် သူ့အတွေးတွေကတော့ ရပ်တန့်မသွားခဲ့။ သူမုန်းနေသော နမ်ဂျွန်းနှင့် ရဲတင်းလွန်း၍ ကြည့်မရချင်ဖြစ်နေသော ဆော့ဂျင်ကို အတူတူတွေ့လိုက်ရခြင်းက သူ့ကိုများစွာ စိတ်ညစ်နွမ်းစေသည်။

ဗိုက်ဆာနေတဲ့ ကြောင်ဖားနဲ့ အစားခံချင်နေတဲ့ ငါးကြော် တွေ့ကြပြီဆိုမှတော့ ဇာတ်လမ်းက ဒီလိုပဲဖြစ်လာမှာပေါ့။ မကြာခင် ကျော်မကောင်းကြားမကောင်း သတင်းတွေ ကြားရတော့မယ်။ ဘာပဲဖြစ်ဖြစ် ဆော့ဂျင်ကို တစ်ခါလောက်တော့ သတိပေးစကားပြောကြည့်ပါဦးမယ်။ ဒါတောင် နမ်ဂျွန်းနားပဲ ဆက်ပြီးကပ်နေမယ်ဆိုရင် သူ့ထိုက်နဲ့သူ့ကံပဲ ထားလိုက်တော့မယ်။

Love Scenario (Taekook/Completed) Where stories live. Discover now