အပိုင်း (၁၆)

Start from the beginning
                                    

မျက်နှာလေးဖြူဖတ်ဖြူရော်ဖြစ်နေသည့်ကောင်လေး၏အနေထားကြောင့်စိုးရိမ်သွားသည့်Jimin ကောင်လေး၏ကနဖူးပေါ်လက်တင်ကာစမ်းသက်သည်။ပြီးနောက်ကောင်လေး၏လည်ပင်းပေါ်မှအပူချိန်ကိုလည်းစမ်းသက်ရန်အတွက်လက်လှမ်းလိုက်သည့်အခါ ကောင်လေးကလျှင်မြန်စွာပဲသူစလက်ကိုဖမ်းဆုပ်လာခဲ့သည်။

" ဘာဖြစ်လို့လဲ Jungkook ?"

ကောင်လေး၏လုပ်ရက်ကြောင့်အနည်းငယ်သဘောမကျဟန်ဖြစ်သွားသည့်Jiminက မျက်ခုံးတန်းများနှစ်ခုထိစပ်လုမတက်တွန့်ချိုးလျက်မေးလာခဲ့သည်။သို့ပေမဲ့ ကောင်လေး၏အကျီမှာရင်ညွှန့်အထိကြယ်သီးဖြုတ်ထားကြောင့် Jimin၏လက်ကိုဖမ်းဆုပ်လိုက်ချိန်တွင်အနည်းငယ်ပွင့်ဟသွားသည့်အကျီအောက်မှအနီရောင်တချို့ကို Jiminကမြင်ဖြစ်အောင်မြင်လိုက်ပါသည်။

" ဘာမှမဖြစ်ပါဘူး ကျနော့်ကိုသောက်ရမဲ့ဆေးပေးခဲ့ပါ "

" ဒါဆိုနေမကောင်းဖြစ်ရတဲ့အကြောင်းအရင်ကဘာဖြစ်မလဲ ပြောကြည့် ?"

" ကျနော်အရမ်းစိတ်ပျက်မိတယ် ... hyung "

Jimin၏အမေးကိုတလွဲဖြေလာသည့်ကောင်လေးကခေါင်းငုံ့ထား၏။လေးယူလေသိမ်းတို့ပါတိုးညှင်းပြီးအမှန်တကယ်စိတ်ပျက်နေသည့်ကိုဆောက်နေပြန်သည်။ထိုင်ကြောင့် သက်ပြင်းတခုပြုမိရင်းJiminကမေးလာသည်။

" Kim Taehyungကိုလား ?"

" မဟုတ်ဘူး ... ကျနော့်ကိုယ်ကျနော်ကိုပါ "

" ဘာအတွက်လဲ ?"

" ကျနော်ကသူ့အတွက်အချစ်တွေနဲ့ဖြစ်တည်နေပေမဲ့ သူကတော့ကျနော်ရဲ့တခါမှားခဲ့မိတဲ့အမှားတစ်ခုကို ထပ်ခါထပ်ခါပြောပြီးအမုန်းတွေနဲ့နှပ်စက်နေတာ ။ ကျနော်အဲ့နေ့ကသေသွားရင်ကောင်းသားနော် "

မျက်ရည်ကြည်လေးရစ်သိုင်းလာသည့်မျက်၀န်းနတ်နတ်လေးနှင့်အတူ ပြိုတော့မည့်မိုးလိုအုံ့မိုင်းနေသည့်မိက်နှာငယ်လေးနှင့်ကောင်လေးက Jiminအားရင်ဖွင့်နေ၏။

" မင်းသူ့ကိုဒီအခြေနေတွေမှာချစ်နိုင်သေးလား ?"

" အခုထိတော့ချစ်နိုင်သေးပေမဲ့ နောင်တချိန်အတွက်‌တော့အာမမခံနိုင်ဘူးထင်တယ် "

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now