part (6)

2.6K 213 20
                                        

ကောင်လေးတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့သူမဟာ lili ချစ်တဲ့ niniဆိုတာ မယုံနိုင်သေး မဟုတ်ဘူး လက်မခံနိုင်တာ...

Lili pov- အဲကောင်လေးကရော ဘာလဲ...niniနဲ့ဘယ်လိုပတ်သက်တာလဲ....ဒါဆိုငါကရော် ငါကရောဘာလဲ....

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ lili ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေ ရှုပ်ထွေးသွားတယ်...liliတော့ မင်းအချစ်မရခင် ရူးတော့မယ်ထင်ပါရဲ့....

အတွေးတွေက ရောက်ယှက်ခတ်နေတုန်း ကော်ဖီဆိုင်လေးရဲ့ တံခါးဟာပွင့်လာတယ်...ပွင့်လာတဲ့တံခါးရဲ့နောက် ပါလာတာက liliချစ်သောသူမနဲ့
သူမနှင့်မည်သို့ပတ်သက်သည်မသိရသေးသော ကောင်လေး.....

Nini- "lili....အော် doctor youngရောကိုးးး
တိုက်ဆိုင်လိုက်တာ..niniတို့ဒီဝိုင်းပဲဝင်ထိုင်လိုက်မယ်နော်...."

Youngကတော့ liliကိုမျက်ခုံးတွန့်ပြတယ် မင်းအဆင်ပြေရဲ့လားပေါ့လေ....liliလည်း ခေါင်းအသာညိတ်ပြလိုက်ပါတယ်....

Lili- "ထိုင်လေ Nini... niniစားချင်တာမှာလိုက်လေ lili ရှင်းပါ့မယ်..."

Nini- "မဟုတ်တာ...niniတို့က liliတို့ဝိုင်းဝင်ထိုင်တာဆိုတော့ niniရှင်းပါ့မယ်..."

Young- "နင်တို့နှစ်ယောက် သူရှင်းမယ် ငါရှင်းမယ်နဲ့...ကြားထဲက ငါကမျိုမကျတော့ဘူးး ငါပဲရှင်းမယ်..."

Youngရဲ့စကားကြောင့် liliတို့ စကားစပြတ်သွားတယ်...ခဏနေတော့

Nini- "liliနဲ့ young ကိုမိတ်ဆက်ပေးရအုံးမယ်...
သူက niniရဲ့ချစ်သူ Alex တဲ့....
Alex..ဒါ niniတို့ဆေးရုံက doctor li နဲ့ doctor young....."

Liliခေါင်းတည့်တည့်ကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ....မျက်လုံးတွေတောင်ပြာဝေသွားတယ်

Lili pov- ချစ်သူတဲ့...ချစ်သူတဲ့လား nini....
ငါလွန်ခဲ့တဲ့10နှစ်ကသာ အဖြေရခဲ့မယ်ဆို ငါဟာ niniရဲ့ချစ်သူလို့ ပြောရင်းမင်းမျက်ခွက်ကိုဆွဲထိုးတယ်... အခုတော့မင်းက ငါချစ်နေတဲ့ niniရဲ့ ချစ်သူတဲ့...အဟက်

Alex- "တွေ့ရတာဝမ်းသာပါတယ် doctor....."

Young- "ဟုတ်ကဲ့.. park chaeyoungပါ..."

Lili- "Lisa ပါ...Lisa Manoban...."

ပြောရင်း လက်ဆွဲနှုတ်ဆက်လိုက်တဲ့ lisaကြောင့်
Young မျက်စိပြူးသွားရသည်.....

My ExistenceWhere stories live. Discover now