(၁- ၈)

3.5K 466 48
                                    

Unicode

ငါကမ္ဘာကိုဘယ်လိုများသိမ်းပိုက်လိုက်ခဲ့လဲ။

(၁)

ဟိုးရှေးရှေးတုန်းက ပင်လယ်ဓားပြဗိုလ်တစ်ယောက်ရှိခဲ့တယ်။ အဲဒီပင်လယ်ဓားပြခေါင်းဆောင်က ပင်လယ်ဓားပြတွေဆီကပဲ ဓားပြတိုက်မယ်လို့ သံဓိဌာန်ချထားခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ဓားပြတွေက မကောင်းတာ အကုန်လုပ်တာကြောင့် သူတို့ဆီက ဓားပြတိုက်တာက မမှားဘူးလေ။

ဒါပေမဲ့ ပင်လယ်ဓားပြအများကြီးမရှိတာကြောင့် ပင်လယ်ဓားပြဗိုလ်လေးဟာ အလုပ်အများကြီး လုပ်ဖို့မရှိရှာဘူး။ ဒီတော့ သူတို့တွေက မချမ်းသာနိုင်ရှာဘူးပေါ့။ သူတို့က ဆင်းရဲကြပြီး တစ်နှစ်ပတ်လုံး ပင်လယ်ထဲမှာ မြောနေကြရရှာတယ်။

သူက ကြည့်လို့ကောင်းပေမဲ့ တစ်ကိုယ်တည်းသမားဖြစ်ရတာ နှစ်ထောင်ချီနေပြီ။ သူ့လက်အောက်မှာရှိတဲ့ ပင်လယ်ဓားပြလေးတွေက ရတက်မအေးဖြစ်ကြရပြီး သူတို့ရဲ့ ခေါင်းဆောင်အတွက် ဇနီးတစ်ယောက်လောက် အထူးရှာပေးချင်နေကြတယ်။

တစ်ရက်မှာတော့ ဆင်းရဲနွမ်းပါးတဲ့ဓားပြဗိုလ်လေးက ပင်လယ်ထဲမှာရှိတဲ့ တခြားပင်လယ်ဓားပြသင်္ဘောတွေကို ရှာကြည့်ရင်း အခွင့်အရေးတစ်ခုကို ရှာဖွေနေခဲ့တယ်။ သူ့ရဲ့လက်အောက်ငယ်သားတွေကတော့ ညစာအတွက် ငါးမျှားနေရတာပေါ့။ ဘာလို့လဲဆိုတော့ ပင်လယ်ဓားပြသင်္ဘောက အိုးအဖုံးမဖွင့်နိုင်ဘူးလေ။

အဲဒီအချိန်မှာပဲ ပင်လယ်ဓားပြလေးတစ်ယောက်က အလန့်တကြားအော်လိုက်တယ်။

"ငါ... ရေသူထီးတစ်ကောင်ဖမ်းမိထားတယ်!"

ပင်လယ်ဓားပြတွေက အပြေးစုရုံးလိုက်ကြတာ ပင်လယ်ဓားပြဗိုလ်ကပါ သွားကြည့်ရတဲ့ အထိပါပဲ။

(၂)

ဒါကတကယ့်ကိုရေသူထီးတစ်ယောက်ပါပဲ။ လှပတဲ့မျက်နှာသွင်ပြင်နဲ့အလွန်မိမိုက်တဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်နဲ့ပေါ့။ အောက်ပိုင်းကိုတော့ ချစ်စရာကောင်းတာထက်ပိုတယ်လို့ပဲ ဖော်ညွှန်းလို့ရလိမ့်မယ်။

ဒါပေမဲ့လည်း ပင်လယ်ဓားပြလေးတွေက ချက်ချင်းပင် အခန်းထဲပြေးသွားပြီး တန်ဆာပလာပစ္စည်းတွေသွားထုတ်လာတော့တယ်။ ပြောရခက်တဲ့ဒီပစ္စည်းတွေက သူတို့ရဲ့ခေါင်းဆောင်အတွက် ပြင်ဆင်ပေးထားတယ်ဆိုတာ အသိသာကြီးပေါ့။ သူတို့ခေါင်းဆောင် လူပျိုဘဝကို စွန့်လွှတ်နိုင်မဲ့နေ့ကို စောင့်နေခဲ့ရတာ။

🎉 You've finished reading ငါ ကမ္ဘာကိုဘယ်လိုများသိမ်းပိုက်လိုက်ခဲ့လဲ။ [ဘာသာပြန်] 🎉
ငါ ကမ္ဘာကိုဘယ်လိုများသိမ်းပိုက်လိုက်ခဲ့လဲ။ [ဘာသာပြန်]Where stories live. Discover now