" အခု ဆေးရုံမှာတဲ့ ....
   ငါ မသွားချင်ဘူး ......
    ဒါပေမယ့် တွေ့ချင်တယ်.....
    တွေ့မိရင် တင်းထားသမျှ စိတ်တွေ ယိုင်သွားမှာ...
    သံယောဇဥ်တွေနဲ့ ခွင့်လွှတ်ပေးချင်နေဦးမှာ.... "

တစ်ယောက်တည်း ရေရွတ်သလို ပြောနေပေမယ့် Baekhyun ကြားနေရပါတယ်။ သူ့စိတ်ထဲထိလည်း မြင်နေရတယ် ။ ၆ နှစ်ဆိုတဲ့ ကာလက သံယောဇဥ်တွေ ခိုင်မြဲဖို့ လုံလောက်ပါတယ်။ အချစ်တွေလည်း ရှိမယ်။ ချည်နှောင်ထားတဲ့ကြိုးက မပြတ်ရင်တောင် မြဲနေသေးမယ့် ရင်းနှီးမှုတွေလည်း ရှိနေလိမ့်မယ်။

ဘယ်လိုလုပ်မလဲ အစ်ကို.... ကျွန်တော့် ရင်ဘတ်ထဲက နာတယ်

ငြိမ်သွားတဲ့ Baekhyun ကြောင့် Chanyeol က ပြန်ကြည့်လာ၏။

" ကျေးဇူးပဲ ကောင်လေး .... မင်း ကျေးဇူးကြောင့် စိတ်ပေါ့သွားပြီ ,ငါတို့ ပြန်ကြမလား  "

" ဟုတ်ကဲ့ "

နေရာက ကိုယ်စီထကာ လျှောက်လာတဲ့လမ်းအတိုင်း ပြန်လှည့်လာကြ၏။ ဘူးခွံတွေထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်အနက်ကိုလည်း လမ်းမှာ တွေ့တဲ့ အမှိုက်ပုံးထဲထည့်ဖို့ Chanyeol ကိုင်လာသေးသည်။

" ေနာက်ဆို ကျွန်တော် ဖုန်းဆက်ရင် ကိုင်မှာလား အစ်ကို ... ကျွန်တော်တို့ ရင်းနှီးသွားပြီလေ "

ထိုအခါ Chanyeol က မျက်ခုံးတို့ ပင့်တင်ကာ ခေါင်းတစ်ချက်စီ ညိတ်ပြီး

" အင်း...."

" ဒီလမ်းက သွားရင် ကျွန်တော့်အိမ်ရောက်ပြီ , အစ်ကို့အိမ်နဲ့ဆို အရမ်းမဝေးဘူး "

ညွှန်ပြလာတဲ့ လမ်းကို ကြည့်လိုက်မိတော့ ရှင်းလင်းနေ၏။ လူနေအိမ်တွေပဲမို့ တိတ်ဆိတ်ငြိမ်သက်နေသည်။

" သွားတော့ ကောင်လေး ... ဒီနေ့အတွက် ကျေးဇူးပဲ "

" ဂရုစိုက်သွားပါ အစ်ကို "

အပြန်အလှန် နှုတ်ဆက်ပြီး ကိုယ့်အိမ်ရှိရာ ပြန်လာခဲ့ကြသည်။ Chanyeol က ဆိုဟီး အကြောင်း တွေးပြီး လမ်းလျှောက်နေတဲ့အချိန် Baekhyun ကတော့ Chanyeol အကြောင်းတွေးရင်း ပြုံးလို့။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ခွဲစိတ်ခန်းထဲမှာ အသက်လုပြီး အပြင် ထွက်လာရတဲ့ မိန်းကလေး​တစ်ယောက်ဟာ အသက် အန္တရာယ် စိုးရိမ်ရပါတယ်တဲ့ ။ ကားချင်းတိုက်မိတယ်လို့ ထင်ရပေမယ့် တစ်ဖက် ကုန်တင်ကားရှေ့ တမင် ဝင်တိုက်လိုက်တာက CCTV တွေ သက်သေ ။ ပုခုံးနဲ့ ခေါင်းကို ထိခိုက်မိပြီး သတိပြန်ရလာဖို့တောင် မသေချာဘူးတဲ့လေ။

Healing LoveWhere stories live. Discover now