Part 10 <<Final>>

4.7K 292 18
                                                  

"ဖေဖေ ရေလာပါဦး Yunhoမရှိတော့ဘူး "

တစ်အိမ်လုံးပြာပြာသလဲဖြစ်သွားကြသည်။

"ဒီမှာစာလေးရေးခဲ့တယ်"

//ဖေဖေ တောင်းပန်ပါတယ် မပြောဘဲထွက်သွားမိလို့ ကိုကြီးပြောတာမှန်ပါတယ် ကျွန်တော်ကဒီမိသားစုဝင်မဟုတ်တော့ဘူးလေ ဒီအချိန်ခနလေးကိုပိုင်ဆိုင်ရတာနဲ့တင်ဖေဖေတို့ကိုကျေးဇူးတင်ပါတယ်

ဒါပေမယ့်လေ တစ်ခုဘဲပြောပါရစေ ကျွန်တော် မမကိုမသတ်ပါဘူးဗျာ တကယ်ပါ--------

ဒါပေမယ့်တောင်းပန်ပါတယ် နောက်ထပ်ဖေဖေ့တို့ဘ၀ထဲကိုဝင်မလာတော့ပါဘူး//

စာလဲအဆုံး Mr Jungတစ်ယောက်ပစ်လဲသွားတော့သည်။

"ဖေဖေ လုပ်ပါဦးအစ်ကိုကြီး လုပ်ပါဦး"

အိပ်ယာထဲကနေ ဖေဖေတစ်ယောက်မထတော့ ညီတွေကလဲစကားမပြော သူဘာလုပ်ရမှာလဲ

မင်းတော်တော်ဒုက္ခပေးပါလား ကောင်လေး

သူငယ်ချင်းတွေကိုအကူအညီတောင်းပြီးရှာခိုင်းတော့လဲမတွေ့ ဖေဖေ စိတ်ချမ်းသာဖို့သာအဓိကပါ သူ့ဒေါသတွေကဘာအရေးပါမှာတဲ့လဲ

"ဘာ အေးဟုတ်လား သေချာလား သူသေချာလား ငါအခုလာခဲ့မယ်"

Jung Yunho နဲ့တူတဲ့ကောင်လေးကိုလမ်းတစ်နေရာမှတွေ့တယ်တဲ့  သူတိုးတိုးတိတ်တိတ်ဘဲထွက်လာခဲ့သည်။အမှန်ပြောရရင်မလိုချင်ပါတစ်သက်လုံးမုန်းလာတာ အခုမှမျက်နှာချင်းဆိုင်ပြီးဘယ်လိုနေရမလဲ

ဟုတ်ပါသည် Yunho သေချာတာပေါ့ ကားဂိတ်လေးမှာထိုင်နေတာ လူကလဲဖျော့တော့လို့

သူကားပေါ်ကနေအကြာကြီးကြည့်နေမိသည်။ သွားခေါ်သင့်လား မခေါ်သင့်လား

ညနေစောင်းတော့မှအိမ်ပြန်လာခဲ့သည်။ ရေမိုးချိုးလိုက်ပေမယ့် စိတ်မလန်းလာ ဖေဖေ့ကိုကြည့်တော့

အိပ်ယာထဲမှာခွေခွေလေး

"ကိုလတ် ကိုငယ် ကိုလေး စကားပြောကြရအောင်"
ရိုသေလေးစားရသောအစ်ကိုကြီးက တကူးတက စကားပြောရအောင်ဆိုတော့အားလုံးအမြန်ဆုံးစုဝေးလိုက်သည်။

အချစ်ငတ်သူWhere stories live. Discover now