အပိုင်း (၁၃)

Start from the beginning
                                    

~•~

" Jungkookkieလေးရောက်လာပြီပဲ ... ပိန်သွားလိုက်တာ ။ နေရတာရောအဆင်ပြေရဲ့လား ?"

" ပြေပါတယ်ဗျ ! ပိန်သွားတားကဆေးသောက်နေရလို့ပါ "

နေ့စဉ်နဲ့အမျှပင်ပန်းရသည့်အခြေနေတွေမို့အရင်ကထက်ပိန်ကျသွားခဲ့ပြီးအဒေါ်ဖြစ်သူကစိုးရိမ်တကြီးမေးလာခဲ့သည်။အဒေါ်ဖြစ်သူ၏အမေးအားအတက်နိုင်ဆုံးပြုံးဆန်ဆင်ကာပြန်ဖြေသည့်ကောင်လေးကပြုံးရွှင်လို့နေသည်။ဒီမိသားစုဆီကပဲမေတ္တာအမျိုးမျိုးရခဲ့‌တာကြောင့်စိတ်ချမ်းသာမှုသာသာပေးချင်ပြီး ပင်ပူသောကတွေကိုမအေးချင်ခဲ့တာကြောင့် အနည်ဆုံးတော့ဟန်ဆုံးပြုံးပြရမည်လေ။

" ယောင်လေးလာမှညစာထမင်းစားပြီးပြန်ကြလေ ...  နော် !"

" သူလာပါ့မလား ?"

" လာမှာပါကွယ် ! နှစ်ယောက်ကြားကအခြေနေကိုသိပေမဲ့ ညှိယူကြရမယ်လေ ။ အရင်လိုအခြေနေမဟုတ်တော့ဘူး သူ့ဘက်ကဘက်လောက်ပဲနာကြင်အောင်လုပ်‌ပါစေ သည်းခံရမယ်နော် Jungkookkieလေး !"

" ကျနော်အရမ်းပင်ပန်းတယ် ... "

" သူ့ကိုချစ်တယ်မဟုတ်လား နားလည်ပေးလိုက်ပါ ။ တနေ့တော့သူနားလည်လာမှာပါ "

ခေါင်းလေးကိုပုတ်ပေးကာနှစ်သိမ့်ပေးနေသည့်အဒေါ်ဖြစ်သူကြောင့်ထိန်းချုပ်ထားသည့်ငိုချင်စိတ်များလွှတ်ချကာမျက်၀န်းမှမျက်ရည်ကြည်များကိုစီးကျခွင်ပေးလိုက်သည်။ရှိုက်သံသဲ့သဲ့ထွက်လာသည်အထိငိုမိသောကြောင့်ခန္ဓာကိုယ်ငယ်ကတချက်ချက်တုန်တက်သွားရသည်အထိပင်။

" Naeunလေးဆီသွားခဲ့တယ်မဟုတ်လား ?
သူကမင်းကိုအချစ်ရော ယောင်လေးအတွက်အဆက်မပျက်ခုန်နေမယ့်နှလုံးပါယုံယုံကြည်ကြည်နဲ့ပေးအပ်ခဲ့တယ်လေ ။ အဲ့ဒါကြောင့် အကြောင်းပြချက်တစ်ခုနဲ့ယောင်လေးဆီကအချစ်တွေပြန်ရကိုရလိမ့်မယ် ၀မ်းနည်းမနေနဲ့တော့ ... !"

ကောင်လေးနားလည်လွယ်အောင်စကားလုံးတစ်လုံးချင်စီနှင့်အတူပြောပြလာခဲ့သည်။ခေါင်းတစက်စက်ငြိမ့်ပြကာတရှုတ်ရှုတ်ငိုနေသည့်ကောင်လေးက‌ကလေးငယ်တယောက်ကိုလူကြီးကဆုံးမနေသကဲ့ပုံနှင်တူလို့နေ၏။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now