သို့သော် ထိုအချိန်တွင်ပဲ မနက်စာစားပြီး၍ ပန်းကန်ခွက်ယောက်တွေသွားဆေးနေသည့် အန်တီချိုင်အမျိုးသား ပြန်ရောက်လာကာ ဒီမှာဖြစ်နေတာတွေကိုမြင်လျှင် ဆုံးမစကားဆိုလာ၏။
“ မင်းကွာ .. ဒီအရွယ်ပဲရောက်နေပြီ .. ကလေးလို သူများဆီက အစားတောင်းစားရလား ”

အန်တီချိုင်က အားတုံ့အားနာစွာဖြင့် ပြုံးသည်။
“ ငါးဟင်းချိုက အရမ်းကောင်းလို့ပါ။ ဒီလိုလိမ္မာတဲ့သမီးလေးတစ်ယောက်ရထားတာ အစ်မရှတော့ သိပ်ကံကောင်းတာပဲ ”

အန်တီချိုင်တို့မိသားစုမှာ သားတစ်ယောက် သမီးနှစ်ယောက် ရှိပေမယ့် အားလုံးက သူ့အလုပ်နှင့်သူ မအားလပ်ရသည်ကြောင့် ရုံးပိတ်ရက်များတွင်မှ ရောက်လာတတ်သည်။ ဒါတောင် တစ်နေ့ တစ်ယောက် အလှည့်နှင့်ဖြစ်ကာ အန်တီချိုင်အတွက် စားစရာချက်ပြုတ်ပေးလာဖို့က ဝေးပါသေးသည်။ 

“ အဲ့လိုကြီးမပြောပါနဲ့ အမေရယ် ”
လုမန် ပင့်သက်ရှိုက်လိုက်မိ၏။ ရှချင်းဝေ ပြောလာသည့် စိတ်မကောင်းဖြစ်စရာ စကားတွေကို သူမ ကြားရက်နိုင်စွမ်း မရှိပေ။
“ အမေရှိနေသရွေ့ သမီးမှာ အိမ်ရှိတယ်။ အမေမရှိတော့ရင် သမီးကို ဂရုစိုက်တဲ့လူ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် အမေကတော့ကျန်းမာနေမှဖြစ်မယ်နော် ”

ရှချင်းဝေမျက်လုံးတွေ နီစွေးလျက်ရှိကာ သူမက လုမန်ဆံပင်တွေကိုဖွဖွသပ်ပေးလိုက်သည်။

ဟုတ်တာပေါ့ .. သူမရဲ့သနားစရာသမီးလေးမှာ သူမတစ်ယောက်ပဲရှိသည်။

သူ့လိုအဖေမျိုးကတော့ မရှိလျှင် အကောင်းဆုံး

“ လုမန်ပြောတာမှန်တယ် အစ်မ။ ဘယ်သူကမှ ကိုယ့်အမေအရင်းထက် ပိုမကောင်းပေးနိုင်ဘူး။ ကလေးတွေဆိုတာ ဘယ်အရွယ်ပဲရောက်ရောက် သူတို့ကို အားပေးထောက်ခံပေးနေမယ့် အမေတစ်ယောက်တော့လိုအပ်နေသေးတယ်။ မဟုတ်လို့ တစ်ယောက်တည်းဆိုရင် သူများတွေ ဗိုလ်ကျအနိုင်ကျင့်တဲ့အခါ ဘယ်သူက သူမအတွက် ဝမ်းနည်းပေးမှာလဲ စိတ်မကောင်းဖြစ်ပေးမှာလဲ ”
အန်တီချိုင်ကလည်း အကြံပေးလိုက်သည်။

ရှချင်းဝေနှင့် တစ်ခန်းတည်းအတူ နေလာတာ အချိန်ကြာပြီ ဖြစ်ပေမယ့် လုမန် လာတွေ့တာကလွဲရင် ရှချင်းဝေတို့မိသားစုအရေးတွေကိုတော့ သူမ များများစားစား မသိပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Hikayelerin yaşadığı yer. Şimdi keşfedin