Pyin Oo Lwin ရဲ့ Your Dream ဆီသို့

Start from the beginning
                                        

ထိုအခန်းက ရေပူမရတာကလွဲလျှင် ကျန်တာအကုန်ကောင်းသည်။သို့သော် မန္တလေးမှာ ရေပူမရသောကိစ္စကမသိသာသော်လည်း ပြင်ဦးလွင်လိုအေးသည့်နေရာမျိုးမှာတော့ သိသာသည်။အထူးသဖြင့် သူမလိုသာ အားအားရှိရေပူထဲစိမ်ပြီး ဇိမ်ခံတတ်သောလူမျိုးဆိုလျှင် ရောက်သည်နှင့် ရေတန်းစိမ်လျှင်တောင် စိမ်နေလောက်‌ပေသည်။

ထိုကဲ့သို့တွေးမိသွားတော့ ကိုယ့်ပေါဆမှုကိုယ် မကျေမနပ်ဖြစ်သွားမိရင်း အတော်လည်းစိတ်ပျက်သွားမိရသည်။

တောက်...။
အရေးကြီးတယ်လို့ပြောထားတဲ့လူ လာပါမယ်ဆိုမှ..။

Your Dream ကို စတင်တည်ထောင်စဉ်ကတည်းက အခက်အခဲများစွာရှိခဲ့သော်လည်း ဒီတစ်ခေါက်ကိစ္စကတော့ စိတ်ကိုအတော်ပင်ရှုပ်ထွေးသွားစေသည်။အဓိကကတော့ လာမည့်ပုဂ္ဂိုလ်မှာ ကိုဇော်ကိုယ်တိုင်က အထူးတလည်ဂရုစိုက်ပေးပါရန် သေချာတောင်းဆိုထားလေသည့် တကယ့်ပုဂ္ဂိုလ်ဖြစ်နေသောကြောင့်ပင်။

ဂရုစိုက်နေတဲ့ကြားက ငါနော်...။

စဉ်းစားရင်းနှင့် ပေါ့လျော့သောကိုယ့်ကိုယ်ကိုယ် ဒေါသတွေထွက်လာပြန်လျှင် ပြဿနာကမဖြေရှင်းရသေးသည်မို့ စိတ်ကိုတည်ငြိမ်အောင်ပြန်ထိန်းလိုက်ရင်း

ဟူး.....။
ထားပါတော့..။
ဒီအချိန်မှတော့လဲ ဒါတွေတွေးနေလို့ ဘာမှမထူးဘူး.....။
တော်ပြီ...။
ဘယ်လိုလုပ်ရမလဲပဲ အရင်တွေးတော့မယ်...။

ထိုသို့ဖြင့် ရွှေခေတ်သည် မျက်ခုံးတွေတွန့်ကာ အသည်းအသန်စဉ်းစားနေမိရင်းမှ ဖျတ်ခနဲ့ အကြံတစ်ခုရလိုက်လျှင် ချက်ချင်းပဲ သီဟကိုလှမ်းကြည့်၍

"သီဟ ငါ့အခန်းကပစ္စည်းတွေ အဲ့ဘက်အခန်းကိုရွှေ့လိုက်..။ပြီးရင် သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ဧည့်သည်အတွက်အဆင်သင့်ဖြစ်နေအောင် မြန်မြန်ပြင်ဆင်ထားလိုက်တော့.."

သီဟက တစ်ချက်ကြောင်သွားပြီးမှ သူမ၏ပြောစကားကိုသဘောပေါက်သွားကာ ဝန်ထမ်းတွေကိုဆော်ဩလိုက်သည်။

မတတ်နိုင်တော့။
ဟိုပြောင်းဒီရွှေ့အလုပ်တော့ရှုပ်သွားပေမဲ့ ဖြေရှင်းလို့ရသည်မှာ လောလောဆယ် ဒါပဲရှိသည်။

You are the only Exception!Where stories live. Discover now