Extra

9.1K 596 53
                                    

💕💕 စေရင် 💕💕
......(Extra). .....

အသစ်နဲ့ ပိုင်လေး မူကြိုတတ်နေပြီမို့ ကျွန်တော် ကြိုပြီးပြန်လာခဲ့သည်..။
အနောက်ခန်းမှာနှစ်ယောက်သား ဆော့ကာ ဆူညံနေသည်က ကျွန်တော့အတွက်တော့ သာယာနာပျော်ဖွယ်ရာပင်...။
ဒီညနေ သားအဖလေးယောက် အပြင်ထွက်လည်ကျဦးမည်မို့ ပျော်ရွှင်ဖွယ် အမှတ်တရ ညနေခင်းလေးကို ဖြတ်သန်းရဦးမည်...။

ခြံရှေ့ရောက်လျှင် ဟွန်းတစ်ချက်နှစ်ချက်လောက်တီးမှ အပင်များကြားမှ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် ထွက်လာတတ်သော လေးကျော်က ဒီတစ်ခါ ကျွန်တော့ကို တမင်စောင့်နေသလို ပြေးကာ ခြံတံခါးကိုဖွင့်ပေးလာသည်..။ မျက်နှာကလည်း မကောင်းပေ..။

ပို၍ ထူးခြားလေသည်က အိမ်ဝတွင် စောင့်ကာ ကြိုနေပြန်သော ဒေါ်လေးစိန်...။

ကိုကို့ကို စိုးရိမ်မိသွားကာ အိမ်ထဲသို့ပြေးဝင်လိုက်မိသည်။ သားနှစ်ယောက်ကိုပင် မခေါ်နိုင်ရသည့်အဖြစ်။
ဧည့်ခန်းကမြင်ကွင်းက ရင်ဝသို့ အရှိန်ဖြင့် ဆောင့်ကန်လာလေသည်..။

ကိုကိုက ကြမ်းပြင်တွင် ဒူးထောက်ရက်..မျက်ရည်များလည်းကျကာ ။ နှုတ်ခမ်းထောင့်နားတွင် ပေါက်၍ညိုနေပြီး သွေးစတချို့လည်း ကပ်နေလေသည်။ ကိုကို့ အရှေ့တွင်မှ ခြေချင်းချိတ်ထိုင်ကာ စီးကရက်တစ်လိပ်လက်ကြားညှပ်ကာ ရှိနေသူ တစ်ဦး...။

" အစ်...အစ်ကိုမင်းသွေးမောင် "

" အင်း ဟုတ်တယ်...နေ့သစ် အစ်ကိုက မင်းဆီအကြောင်းမကြားပဲ လာလည်တာ "

ကျွန်တော့အစ်ကိုဝမ်းကွဲတော်သူ... အစက ဂျပန်သို့ရောက်နေပြီး နောက်ပိုင်း မည်သည်ကိုရောက်နေသည်ကိုပင် မသိရတော့...။

" အစ်ကို ဘာလုပ်လိုက်တာလဲ ကိုကို ထ... နာနေလားဟင်...အရမ်းနာနေလား "

". ............"

" နေ့သစ်..."

" အစ်ကိုဘာလုပ်လိုက်တာလဲ...ကိိုကို့ကိုဘာလုပ် "

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now