End 🔞🔞

16.3K 785 72
                                    

💕💕 စေရင် 💕💕
......(ဇာတ်သိမ်းပိုင်း). .....
#Warning 🔞

ကျွီ...

ခန့်ညားသွင် " ဟော...ညီလေးနိုးနေပြီလား "

" ဟုတ်ကိုကြီး..နိုးနေပြီ "

သန့်စစ် " ကိုကို သားတို့ကို ကြည့်ချင်လား မောင်ခေါ်သွားပေးရမလား "

" အင်း ကြည့်မယ်မောင် "

ကြည့်မယ်ဟု ဆိုလာသည်မို့ သန့်စစ်ကို နေ့သစ် ပွေ့ထူလိုက်သည်..။

ခန့် " နေ့သစ် ကိုကြီး Wheelchair ယူလိုက်မယ်လေ "

နေ့သစ် " ရတယ် ကိုကြီး ကျွန်တော်ပဲ ကိုကို့ကိုပွေ့လိုက်မယ် "

ခန့်ညားသွင် ဘာမှဆက်မပြောတော့ သန့်စစ်ကိုယ်တိုင်လည်း ထိုသ်ို့ပင် သွားချင်နေသည့်ပုံ.. ။
ထိုအချိန်တွင် ဝေဦးနှင့်အတူ သူနာပြုတစ်ဦးဝင်လာလေသည်..။

" အဲတော့ လူနာကိုဘယ်ခေါ်သွားမလို့တုန်း နေပါဦး.."

" ဟီးး.ကိုကိုက သားတို့ကိုကြည့်ချင်လို့တဲ့ "

အန်တီလေးထရယ်လေတော့သည်...။
သားတို့ကိုကြည့်မလားဟု မေးကာ ဦးဆောင်ခေါ်နေသည်က နေ့သစ် ဆရာမရောက်လာတော့ မျက်နှာဖြီးလေးဖြင့် သူ့ကိုကိုထံ အပြစ်လွှဲချလေသည်...။

" မရသေးပါဘူးနော်...ဗိုက်ကချုပ်ရိုးလေးအသားကျအောင် မှောက်ပြီးနေပါဦး သားသားလေးတွေက ချစ်စရာကောင်းပြီးသား အင်း...သွေးပေါင်လည်းမှန်တယ်.. ကျန်တာအကုန်ကောင်းတယ် ဒါပေမယ့် နည်းနည်းအားနည်းနေသေးတယ်... ကရုစိုက်နော်..."

" ဟုတ်ကဲ့ ဆရာမ "

" ဟွန်း လူနာနော် လျှောက်သွားဖို့မကြံနဲ့ သွားမယ်ဆိုလည်း သက်တောင့်သက်သာ Wheelchair နဲ့ပဲသွားရမယ် သိလား "

" ဟုတ်ကဲ့ "

' မောင်ပွေ့ခေါ်တာက Wheelchair ထက်ပိုပြီး သက်တောင့်သက်သာရှိတယ် ဆရာမမှမသိတာ ' ဟု စိတ်အချဥ်ပေါက်ကာ သန့်စစ်တွေးလိုက်မိသည်။ ဟုတ်သည်လေ...သားတို့ကိုမြင်ချင်လှပါပြီဆိုမှ...။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now