26

7.8K 592 51
                                    

💕💕 စေရင် 💕💕
...........(26). ..........

" ကိုကို ကိုကို ဟင့်အင်း "

ရုတ်တရက် ဘာလုပ်၍ ဘာကိုင်ရမည်ကို စဥ်းစားမရ...။ ပထမဦးဆုံး အတွေးက ' ကိုကို မောင့်ဆီက ထွက်ပြေးသွားပြီ ' ဟု..။
စိတ်ကိုအေးအေးထားကာ စဥ်းစားလိုက်တော့ ကိုကိုထွက်ပြေးစရာ အကြောင်းမှ မရှိတာ။

ဖုန်း...။ ဖုန်းဆက်မည် ဟုတွေးလိုက်တော့ ကိုကို့ကို ရေဒီယိုလှိုင်းဒဏ်ခံရမည်စိုးသဖြင့် ဖုန်းကို အကိုင်မခံခဲ့တာ ကြာပြီ။ ကိုကို့ဆီမှာ ဖုန်းလည်းမပါသွားခဲ့ပေ။

နာရီဝက်ခန့်ကြာအောင် သန့်စစ်တစ်ယောက်တည်း ကားနားတွင်ငူငူကြီးရပ်ကာ စဥ်းစားနေမိသည်။ ကိုကို့မှာ ရန်သူမရှိပေ။ ဒါဆို... ကိုကို့ရန်သူမဟုတ်လျှင် သူ့ရန်သူလား ။ ရန်သူဆိုသည်နှင့် ပထမဆုံး ​မျက်စိထဲဝင်လာသည်က ' သူလွှမ်းမိုး ' ။

သူလွမ်းမိုးဖြစ်နိုင်သည်ဟု တွေးလိုက်မိချိန်...။

" တူရီး အဆင်ပြေလား ငါ့တူဒီမှာရပ်နေတာကြာပြီနော် "

" ဗျာ.."

" အဆင်ပြေရဲ့လား ဦးဘာကူညီရမလဲ "

မျက်ဝန်းထောင့်များရဲနေပြီး စိတ်နဲ့လူမကပ်သည်မို့ ဘာကစပြောရမှန်းလည်းမသိရ။ တစ်ခွန်းသာဆိုနိုင်ရသည်။

" ကိုကို ကိုကိုပျောက်သွားလို့..ကိုကိုက ဒီနားမှာ ကိုကိုလေ ကိုကိုက အီးးးဟင့်...ဟင့်..အခုလေးတင်..ကလေးလေးတွေကို ဟင့်... ကိုကို ပျောက်သွားတာ ဟင့်..ဟင့်... "

စကားတွေလည်း အဆက်အစပ်မရှိ ။ တောင်စဥ်ရေမရနိုင်တော့ပေ။ သို့ပေမယ့် နေ့သစ်အားမေးလာသော ထိုလူကြီးက အနည်းငယ်သဘောပေါက်သွားဟန်ဖြင့်။

" ဟုတ်ပြီ ဟုတ်ပြီ စိတ်ကိုအေးအေးထားနော်...ဦးစောနက ကားကိုပါကင်ထိုးနေကတည်းက ငါ့တူရပ်နေတာကို သတိထားမိတယ်..အဲ့ဒါကြောင့် လာမေးတာ "

လင်းခန့် " ဦးလေး ဘာဖြစ်လို့..ဟင်...နေ့သစ် နေ့သစ်ပါလား ဘာဖြစ်လို့လဲ သန့်စစ်ရော "

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now