25

7.5K 511 66
                                    

💕💕 စေရင် 💕💕
...........(25). ..........

နှစ်ရက်ရှိခဲ့ပြီမို့ ကျွန်တော်လည်းနေကောင်းပြီဖြစ်သည်။ ပုဂံကိုရောက်နေပြီးအပြင်မထွက်ရပဲ အခန်းထဲအောင်းကာ ဖျားနာနေရသည်ကို စိတ်မရှည်နိုင်ဖြစ်ရသည်။ ပြီးတော့ မောင့်ကိုလည်းအားနာနေမိရသည်လေ...။ မောင့်မှာ အလုပ်ကိစ္စလည်းပြေးလုပ်ရ ကျွန်တော့ကိုလည်း ကရုစိုက်ရ။

အဖေတစ်ယောက်က သားငယ်တစ်ယောက်ကို ကရုစိုက်သလို သည်းသည်းလှုပ်နေတော့ ကျွန်တော်ပိုပြီးအားနာစိတ်ဝင်ရလေသည်။

မောင်အိပ်ပျော်နေသည်ကို ကုတင်စောင်းမှထိုင်ကာ ငုံ့ကြည့်နေရင်း တွေးမိတွေးရာ တွေးနေမိချိန် မောင်က လူမနိုးသေးဘူး မျက်ခုံးနှစ်ခုကို အရင်အတွန့်ချိုးလိုက်ကာ ပြီးမှသာ မျက်လုံးပွင့်လာခဲ့သည်။

" မောင် နိုးပြီလား "

" အင်...အင်း..ကိုကိုနိုးနေပြီလား နေလို့ကောင်းရဲ့လား "

" ကောင်းသွားပြီ မောင်ရဲ့ ကိုကိုပါလာလို့ မောင်အလုပ်ရှုပ်သွားရပြီ မောင် စောနကလေ ဝေဦးဖုန်းဆက်တယ် သူလွှမ်းမိုးက... "

" အင်း သူလွှမ်းမိုးက ဘာတဲ့လဲ ကိုကို "

" ဟိုတစ်ခါ ကလပ်ကကိစ္စကို Social Media တင်လိုက်တယ်တဲ့ မောင့်လုပ်ငန်းတွေကို နာမည်ထိခိုက်အောင် လုပ်တော့မယ်ထင်တယ်မောင် မောင်ရယ် ကိုကိုတောင်းပန်ပါတယ် "

တောင်းပန်ပါတယ် ဟုဆိုလိုက်မိသည်မို့ အိပ်ရာပေါ်က မောင်က ကျွန်တော့ခေါင်းကိုဆွဲယူလိုက်ကာ နဖူးချင်းထိ၍ မျက်လုံးလေးမှိတ်ထားလေသည်။ မောင်အရမ်းစိတ်ပင်ပန်းနေပြီ။ မောင်ရယ် ကိုကိုအရမ်းကို မိုက်မိုက်မဲမဲတွေလုပ်ခဲ့မိတာ။ မောင် သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ။

" ကိုကို မောင့်ကို ဖုန်းပေး ဝေဦးဆီဖုန်းဆက်လိုက်ဦးမယ် "

ဖုန်းပေးလိုက်သည်နှင့် မောင်ဝေဦးကို ဖုန်းဆက်လေသည်။ မောင်ကလေ အရမ်းသတ္တိရှိတယ်။ မောင်ကလေ ဦးဆောင်နိုင်စွမ်း မြင့်မားတယ်...။ ပြီးတော့..။ ပြီးတော့။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now