24

7.5K 727 28
                                    

💕💕 စေရင် 💕💕
...........(24). ..........

7:00 AM (ပုဂံ)

" ကိုဝေဦးတို့ ရောက်လာပြီလား "

" အင်း ကိုမင်းမင်း အခန်းအဆင်သင့်ပဲနော် "

" ဟုတ် ကိုဝေဦး အဆင်သင့်ပဲ အဲ..ဆရာတို့ပါတယ်မို့လား "

" ပါတယ်..ပါတယ်..နောက်မှာ ဆရာ့အမျိုးသားအိပ်နေတယ် တိုးတိုး "

ဝေဦး တို့အားထွက်ကာ ကြိုဆိုပေးသည့် ဟော်တယ်မန်နေဂျာက ' ဆရာ့အမျိုးသားအိပ်နေသည် တိုးတိုး' ဟု ဆိုလိုက်သဖြင့် ယောင်ယမ်းကာ သူ့ပါးစပ်သူလက်ဖြင့်ပိတ်လိုက်မိသည်။

သူဌေးကိုယ်တိုင်မပြောနဲ့ ကိုဝေဦးတောင် တော်တော်ကရုစိုက်သည့်ပုံဆိုတော့ သူဌေးကိုယ်တိုင်က မည်မျှသည်းသည်းလှုပ်မည်ကို ပြောစရာပင်မလို...။

ဝေဦးတံခါးဖွင့်ပေးလိုက်သည်မှ နေ့သစ် အိပ်ပျော်နေသော သန့်စစ်ကိုပွေ့ပြီးထွက်လာလေသည်။ အပေါ်မှ ခြုံစောင်ပါးတစ်ထည်ကိုပါ ဝေဦးလွှမ်းပေးလိုက်ရင်း မင်းမင်း၏ ဦးဆောင်မှုဖြင့် အခန်းထဲသို့ရွှေ့လေသည်။

" ဝေဦး "

" ဗျာ ဆရာ "

" ကိုတိုးကြီးအတွက်ပါ တစ်ခန်းစီစဥ်ပြီးတော့ နားခိုင်းလိုက်ပါ သူလည်းပင်ပန်းရှာမှာပေါ့ "

" အင်..ဗျာ...ဟုတ်..ဟုတ်ကဲ့ဆရာ "

သန့်စစ် " အင်းးး "

နေ့သစ် " ရှူးးးး ကျွတ်ကျွတ် "

" အု..ဟုတ် "

မင်းမင်းသာမက ဝန်ထမ်းများပင် နေ့သစ်ပုံကိုကြည့်ကာ အသံမထွက်ရဲတော့။
ပွေ့ချီလာသည့် သူဌေး၏ ယောက်ျားက တကယ်ကိုပင် ကလေးငယ်သဖွယ် အိပ်ပျော်နေသည်လေ။ ကြွေပြားခင်းထားသော လမ်းပေါ် ယူနီဖောင်းအဖြစ်ဝတ်ဆင်ထားရသော ဒေါက်ဖိနပ်ကို အသံမမြည်အောင် ခက်ခက်ခဲခဲ လျှောက်လှမ်းနေကျရသည်။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now