23

8.5K 485 31
                                    

💕💕 စေရင် 💕💕
...........(23). ..........

" မောင်.."

" ဟင်..ကိုကို.. လာလေ.."

ပြောရင်း ကျွန်တော်ကိုယ်တိုင်ပဲ ကိုကို့ကိုတွဲပေးလိုက်သည်။ ကိုကိုက ပြားချပ်နေတုန်းသာရှိသည့် ဗိုက်ကို အမြဲလိုပင် လက်တစ်ဖက်ဖြင့် ဖွဖွဖိကိုင်ထားသည်။
တကယ်တော့ ဗိုက်ထဲက ကလေးကြောင့်မဟုတ်ပါ။

" ကိုကိုဗိုက်အင့်နေတာ ဟီးးး "

" ထင်သားပဲ အခုရော ဘာစားလာလဲ ကိုကို မွေးပြီးရင်တော့ ဝိတ်ပြန်လျှော့ရမယ်နော် အခုရော မောင်ဘာလုပ်ပေးရမလဲ ခဏလေး လမ်းလျှောက်ရအောင်လေ ကိုကို "

" မောင် စောနက ဝေဦးနဲ့ဖုန်းပြောနေတာမို့လား ဟို သူလွှမ်းမိုး မောင့်ကို ဒုက္ခပေးနေပြီမို့လားဟင် ကိုကို့ကြောင့် မောင့်ကိုသူလွှမ်းမိုး နိုင်ကွက်ရသွားတာမို့လား "

" ကိုကိုရာ သူလားမောင့်ကိုနိုင်မှာ...ကိုယ့်ယောက်ျားကိုယ်အထင်ကြီးစမ်းပါဗျ..သူကဘာကောင်မို့လဲ.."

" ဒါပေမယ့်မောင်ရယ် ကိုကိုသာ ပေါက်ကရတွေ အွန့် "

ကိုယ်ဝန်ကြောင့်လားတော့မသိပါ။ ကျွန်တော့မှာ စားမနိုင်အိပ်မရ ခံရခက်နေသလောက် ကိုကိုက နှစ်ဆ...မဟုတ်ဘူး သုံးဆလောက်ကို ပိုစားလာသည်။ ပါးလေးပင်ဖောင်းနေသယောင် ပြီးတော့ တခြားကိုယ်ဝန်ဆောင်တွေကို ကျွန်တော်လည်း စေ့စေ့စပ်စပ် တစ်ခါမှမကြည့်ဘူးတော့မသိပါ။

ကိုကိုကတော့ နှုတ်ခမ်းလေးပင် ပိုမိုဖောင်းတင်းတင်းလေးဖြစ်ကာ ပန်းရောင်သွေးပြေးနေသည်။
တကယ်ပြောတာ အရင်ကထက် ကိုကို့ကို ပိုပြီးဖွက်ထားချင်လာတယ်။ အစ်မနွေးနွေးရီ ဆိုင်ကိုလည်းမလွှတ်တော့ဘူး။ ကျွန်တော်လည်း Manager တစ်ယောက်ရှာပြီး အလုပ်ကိုအတတ်နိုင်ဆုံး အိမ်ကနေပဲ လုပ်တော့တယ်။ ကိုကို့နားမှာ အရင်ကထက်ပိုနေချင်လာတာ...။

" အွန်းးးးးအွန်းး မောင့် "

" အာ... ဆောရီးကိုကို ကိုကိုက အရမ်းကို ချစ်စရာကောင်းလွန်းလို့ မောင်စိတ်မထိန်းနိုင်တော့တာ.. "

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now