"စာကြည့်ချိန် နည်းနည်းလေးနဲ့ ဒီလိုမျိုး ရလဒ်တွေ ရတယ်ဆိုတော့ နောက်ဆုံးစာမေးပွဲမှာလည်း ဒီလိုနှုန်းနဲ့ အမျာကြီးပိုပြီး ကြိုးစားလိုက်ရင် မင်းကစကော်လားရှစ်တောင် ရနိုင်လောက်တယ်"
ကုဝေက ရုတ်တရက် ပြောလာတယ်။

ဒါကိုကြားတော့ ယွီဖေးက သီးတော့မလိုတောင် ဖြစ်သွားပြီး : "အာ... ဒါက... အခြေအနေအပေါ်လည်း မူတည်မှာပေါ့"

ကုဝေ : "ယုံကြည်ချက် မရှိဘူးလား?"

ယုံကြည်ချက်ရှိရုံနဲ့ ပြီးလို့လားဟင်? စကော်လားရှစ်တွေက အဆင့်တွေကို အချိုးကျကျ တွက်ထုတ်ပြီး တန်ဖိုးဖြတ်ထားတာ ပြီးတော့ သူ့အတန်းထဲက တစ်ခြားကျောင်းသားတွေကလည်း စကော်လားရှစ်ရဖို့ လုံးဝ ပြိုင်ဆိုင်နေကြတာ။

ကုဝေက အကြောင်းပြချက်မရှိ သူ့ကိုဒုက္ခတွင်းထဲ ပို့နေသလို ယွီဖေး ခံစားလိုက်ရတယ်။

ယွီဖေး တိတ်ဆိတ်နေတာကိုမြင်တော့ ကုဝေက အသာလေး ရယ်လိုက်တယ်။

ကုဝေကသူ့ရဲ့ စာလုပ်နိုင်စွမ်းကို အထင်သေးနေတာလို့ သင်္ကာမကင်း ဖြစ်မိတော့ ယွီဖေးရဲ့ ဦးနှောက်ဆဲလ်တွေက တွန့်လိမ်သွားကြတယ်။ မနေ့ညက ကုဝေသူ့ကို ဟာသလုပ်ခဲ့တာကိုပါ ပြန်တွေးမိတော့ သူ့ခေါင်းတစ်ခုလုံးက ပူလောင်လာပြီး ပြောလိုက်မိတယ် : "ကျွန်တော် စာကြိုးစားနေသရွေ့ စကော်လားရှစ် ရဖို့မခက်ပါဘူး"

အရင်တစ်ခေါက် ရလဒ်တွေ မကောင်းတာကလည်း သူကြိုးကြိုးစားစား စာမလုပ်ခဲ့လို့ပဲလေ!

ကုဝေ : "ဒါဆို ကိုယ်မင်းရဲ့ သတင်းကောင်းတွေကို စောင့်နေမယ်"

ဒီလိုပြောပြီးတာနဲ့ သူ့လက်ထဲက တူကိုအောက်ချကာ ပါးစပ်ထောင့်တွေကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်တယ်။

"ကိုယ် ကုမ္ပဏီကို အရင်သွားနှင့်တော့မယ်"

ကုဝေ အလုပ်သွားမှသာ ယွီဖေး သေသေချာချာ စဉ်းစားနိုင်တော့တယ်။ ဘာကြောင့်သူက သူရဲ့စာလုပ်နိုင်စွမ်းကို ကြွားခဲ့မိရတာလဲ? သူစကော်လားရှစ် ရရမရရ ကုဝေနဲ့ ဘာဆိုင်လို့လဲ ဟုတ်တယ်မလား?

ကုဝေက တမင်တကာ လုပ်ကြံလိုက်တာပဲ ဖြစ်ရမယ်။ တကယ်တမ်း သူကကုဝေရဲ့ ယှဉ်လိုက်ရင် လုံးဝ အတွေ့အကြုံ မရင့်ကျက်သေးတာပဲလို့ ယွီဖေးက တွေးလိုက်တယ်...

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now