22 🔞

12K 597 78
                                    

💕💕 စေရင် 💕💕
...........(22). ..........
#Warning🔞 (သေးသေးလေးပါပါသည်)

" မောင် သက်သာရဲ့လား "

" သက်သာသားပဲ ဟွန်းးး "

" မောင် ကိုကိုတောင်းပန်ပါတယ်...ကိုကိုက ဟင့်.."

ဟောကြည့်... ကျွန်တော့ကိုကိုက ပြောရင်းငိုသည်။ လက်က ဆေးပိုက်နဲ့...ပြီးတော့။

" ဘာလို့ငိုနေတာလဲ တကယ်ပါပဲ ကိုကိုရယ် ဘာတွေလျှောက်လုပ်မှန်းမသိဘူး... နည်းနည်းပါးပါး မောင်နဲ့တိုင်ပင်ပါဦးလား... ဟင်...ကိုကို့ကြောင့် မောင်ရေတိမ်နစ်တော့မလို့ သိရဲ့လား "

ဝေဦးတစ်ယောက် 'သူကပဲ ရေတိမ်နစ်ရတယ်ဖြစ်ရသေး...အော် ' ဟူသော အကြည့်ဖြင့်ကြည့်လာပြီးမှ..။

ဝေဦး " ဆရာရယ် ပြောစရာရှိတာမပြောဘူး ကိုသန့်စစ်စိတ်မကောင်းအောင်လို့ စမနေပါနဲ့ "

" ရတယ် ဝေဦး အစ်ကိုမှားခဲ့တာပါ မောင့်ကို နေကောင်းစေချင်လို့ပါမောင်ရယ် မောင်ခံစားနေရတာတွေကို ကိုက်ိုမကြည့်ရက်လို့ပါ "

" ကိုကို အဲ့ဒါလူပြုစားတာလည်း မဟုတ်ဘူး မောင်နေမကောင်းတာက ဟိဟိ "

" ဘာ...ဘာဖြစ်လို့တဲ့လဲ "

" ဟိဟိ ကိုကို့ဗိုက်ထဲမှာ..ဟီးးး ကိုကို့ဗိုက်ထဲမှာ "

ဝေဦးမှာ ပြောချင်သည်ကို အောင့်အည်းထားရသည့်ပုံဖြင့် ရယ်ချင်ပက်ကျိရုပ်ပေါက်နေလေပြီ။

ဟီး ပြောရမှာရှက်လိုက်တာဗျာ ။

" မောင် ကိုကိုကဘာဖြစ်လို့လဲ ကိုကိုဗိုက်က "

" ကိုကို မောင်တို့ရင်သွေးလေးရပြီ အဲ့ဒါ ဟီးးး အဲဲ့ဒါ ကိုကို့ဗိုက်ထဲမှာရှိလို့ အဲ့ကလေးလေးရှိကြောင်း မောင်က သက်သေပြပေးတာ "

ကိုကို့အသံတိတ်နေပြီး ကျွန်တော့ကိုကြောင်အအကြည့်နေလေသည်။ ပြီးတော့မှ... ။

" တ...တကယ် မောင်...တကယ်ပြောနေတာလား "

" အင်းးးဟိဟိ ရှက်လိုက်တာ "

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now