21

8.5K 504 58
                                    

💕💕 စေရင် 💕💕
...........(21). ..........

အော်... အော်တစ်ခွန်းသာ လိုက်နိုင်သည်။
သန့်စစ်ပိုင်က နေ့သစ်နဲ့ တကယ်ကို ပက်သက်ဆက်နွယ်မှုက နက်နဲလေသည်တဲ့။

" အင်း သံလွင်က သနားဖို့ကောင်းတယ် မောင်လေး အစ်မနေ့သစ်နဲ့ စတွေ့ကာစကတော့ နည်းနည်းတစ်မျိုးလို့ထင်မိခဲ့ဘူးတယ် သူက သံလွင့်အပေါ် အရမ်းလွှမ်းမိုးမှုရှိတယ်လို့ထင်တာ... တစ်ဖြည်းဖြည်း အစ်မရိပ်မိလာတာက သံလွင်ထွက်ပြေးလာတာက နေ့သစ်ဆီက ဖြစ်လိမ့်မယ်လို့ အခုကတော့ အဆင်ပြေနေပါပြီ နေ့သစ်က သံလွင့်ကိုတော်တော်ချစ်တာ..။ သံလွင်လည်း အတူတူပဲ သူတို့နှစ်ယောက်တော်တော်ချစ်ကျရှာတာ "

အော်..တော်တော်ချစ်ကျရှာတာတဲ့။
ဒါပေမယ့် နေ့သစ်ဆီကနေ သန့်စစ်ကထွက်ပြေးဘူးတယ်ဆိုတော့ ။ အခုရော ထွက်ပြေးချင်စိတ်ရှိမလာဘူးလို့ မပြောနိုင်ဘူးလေ။ နေ့သစ်ကြောင့် စိတ်ဒဏ်ရာဖြစ်ဘူးတယ်ဆိုရင် ကျွန်တော့ကြောင့်တော့ဘာစိတ်ဒဏ်ရာမှမရှိခဲ့ဘူးသလို နောင်လည်း ရှိလာစရာမရှိ။

အချိန်က သိပ်မကျန်တော့ပေ ။
ဒီသုံးလဆိုသော အချိန်လေးအတွင်းမှာပဲ သန့်စစ်ကိိုပိုင်ဆိုင်နိုင်အောင် ကျွန်တော် ကြိုးစားသွားမှာ။ နူးညံ့ပြီး ကြင်နာပေးမယ့် ကျွန်တော့ဆီကိုထွက်ပြေးလာဖို့က သူစွန့်ပစ်လိုက်ရမှာက သူ့အပေါ်နာကျင်စေခဲ့တဲ့ သန့်စစ်ဆိုတဲ့သူပါ။

ကျွန်တော် တရားပါတယ်။
ကျွန်တော် မျှတပါတယ်။
မဟုတ်ရင်တောင်... အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလေ။

သန့်စစ်ကိုကျွန်တော် ပိုင်ကိုပိုင်ရမယ်။

xxxxxxx

" ရောက်ပြီ ကိုသန့်စစ် "

""""" Star Modeling Agency """""

ဆိုင်းဘုတ်ကိုကြည့်လိုက်တော့ ခမ်းနားထည်ဝါမှုအပြည့်။ အင်းပေါ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက် မော်ဒယ်လ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ Agency တစ်ခုက ဒီလောက်တော့ ရှိမှာပေါ့။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now