20

8.6K 503 63
                                    

💕💕 စေရင် 💕💕
...........(20). ..........

        ဆေးရုံရှိ လူနာကုတင်ထက် သန့်စစ်လှဲပေးထားရရင်း နေ့သစ်ကုတင်နားတွင် ဒူးထောက်ထိုင်ထားကာ သန့်စစ်လက်တစ်ဖက်ကို ဆုပ်ကိုင်ပေးထားသည်။
ဆေးထိုးခံရမှာက သန့်စစ်ဆိုသော်လည်း ဇောချွေးပြန်နေရသူက နေ့သစ်...။

" ကိုကို မောင်ရှိတယ်နော်...ခဏလေးပဲ နာမှာ.. "

" အင်း... "

" ဆရာမ မနာအောင်ထိုးပေးနော် "

သူနာပြု " ခဏလေးပါ ပုရွက်ဆိတ်ကိုက်သလောက်ပဲနာမှာ "

" ဆရာမ မထိုးလို့ရောမရဘူးလား ကိုကိုနာသွားရင် "

" ကဲ မောင်ရေ... ဒီနေ့ ဆေးထိုးလို့ပြီးရဦးမှာလား "

" ကိုကိုကလည်း မောင်က... "

ပြောရင်း ခေါင်းငုံ့သွားသော မောင့်ကြောင့် ကျွန်တော် သူနာပြုကိုသာလှည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။ မောင်ဆိုတာကလည်းလေ အပ်ကသူ့ထိုးမှာလည်းမဟုတ် တကယ်အပ်ကြောက်တာက သူ ကျွန်တော်မဟုတ်ပါပဲ ဘေးနားကကြည့်ရင်း လန့်ပေးနေသည်။

အခုလည်း တင်ပါးတစ်ခြမ်းဖော်ပြီး စောင့်နေရသည့် ကျွန်တော်က ချမ်းလှပြီ ။ သူက ဆေးထိုးမည့်ဆရာမကိုစျေးဆစ်နေသည်မို့ ဝင်ပြောမိတာကို ချက်ချင်းမျက်နှာက ငယ်သွားကာ ခေါင်းငုံ့သွား​လေသည်။

" ဆရာမ ကျေးဇူးတင်ပါတယ် "

" ပေးထားတဲ့ဆေးတွေကို ကောင်တာမှာ ပြပြီးထုတ်သွားလိုက်ပါရှင် "

" ဟုတ်ကဲ့ "

ဆရာမလေးပြန်ထွက်သွားချိန်အထိ မောင့်မျက်နှာက ပြန်မော့မလာတော့ ။ မေးဖျားကိုဆွဲယူကာ မော့စေလိုက်မှ ။
ကျွန်တော့မောင်ရယ်လေ အသံတိတ်မျက်ရည်တွေကျနေသည်ကိုးဗျ။

" ဟောဗျာ မောင်ရယ် ကိုကိုက ဒီတိုင်း ဆရာမကိုအားနာလို့ပြောလိုက်တာပါ "

" ကိုကိုကလည်း မောင်က ကိုကိုနာမှာစိုးလို့ဟာကို အဲ့လိုမျိုးကြီး အဲ့လိုကြီး ဟင့် "

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now