A Tale Of Thousand stars Chapter - 6(B)

Начните с самого начала
                                    

" ကျွန်တော်တို့ နှစ်ယောက်က ဖာပန်းဒေါင်းရွာက လာတာပါ ကျွန်တော်တို့ လက်ဖက်မွှေးအိတ်လေးတွေ ရောင်းချင်လို့ပါ ''

ဆရာလေးထီရန်က သူ၏ဘေးလွယ်အိတ်မှ လက်ဖက်မွှေးအိတ်နမူနာလေးကို ယူပြီး ထိုအစ်မကိုပြလိုက်ရာ လောင်ထယ်ကလည်း ထိုဆိုင်မှ ပစ္စည်းတွေကို ကြည့်နေလေသည်။

" ဒီမှာ နမူနာလေး တကယ့်ပစ္စည်းက ဒီထက် ပိုလှတယ်နော် ''

" အို့ မောင်လေး ဒါမျိုးက အစ်မတို့ဆီမှာ အများကြီးရှိပြီးသား မောင်လေး တစ်ခြားဆိုင်တွေကို သွားပြကြည့်ပါလား ''

" အစ်မကလည်း အစ်မတို့ဆိုင်မှာ နေရာလွတ်တွေ အများကြီး ရှိနေတာပဲ ကျွန်တော်တို့ လက်ဖက်မွှေးအိတ်ကို တင်ပေးလို့မရဘူးလား ''

" ... ''

" နော် ကျွန်တော်တို့ကို ကူညီပါနော် ''

" ..... ''

" ကိစ္စမရှိပါဘူး အစ်ကိုရယ် တခြားဆိုင်ကို သွားကြည့်ကြတာပေါ့ ''

လောင်ထယ်က အဲသလို ဆရာလေးထီရန်ကို ပြောလိုက်ရာ ဆိုင်ရှင်အစ်မက

" အော် နင်က မောင်လေး လောင်ထယ်
မဟုတ်လား ''

" အစ်မ ကျွန်တော့်ကို သိတာလား ''

" အင်း မှတ်မိတာပေါ့ အစ်မ မင်းတို့ရွာလာလည်တုန်းက မင်းပဲ အစ်မရဲ့ဂိုက်လုပ်ပေးခဲ့တာလေ

အစ်မတို့ မင်းနဲ့တောင် ဓါတ်ပုံရိုက်ထားသေးတယ် နေဦး ခဏလေးပြမယ်.... ချစ်ဖို့ကောင်းလိုက်တာ ကြည့်ပါဦး ''

" သြော် မှတ်မိပြီ မှတ်မိပြီ ''

ထိုအစ်မက အဲသလို လောင်ထယ်နဲ့ ရင်းနှီးနေသလို ဖြစ်ပြီး ဓါတ်ပုံပြလိုက်ရာ လောင်ထယ်က မှတ်မိသွားပြီး ထိုအစ်မကို ဆရာလေးထီရန်က

" အစ်မ ဒီလက်ဖက်မွှေးအိတ်တွေက လောင်ထယ်တို့ရွာက ထွက်တာနော် ပြီးတော့ ဒါက လောင်ထယ် ကိုယ်တိုင်လုပ်ထားတာ ဟုတ်တယ်မို့လား လောင်ထယ် ''

" ဟုတ်တယ် အစ်ကို ''

" တကယ်လား စောစောကပြောရောပေါ့ ''

အဲသလို လောင်ထယ်ကို သဘောကျသလိုလို ရှိသည့်အစ်မက လောင်ထယ်ကို မြင်မှ ထိုလက်ဖက်မွှေးအိတ်ကို ဝယ်ထား၍ ဆိုင်မှာ တင်ရောင်းခွင့်ပြုလိုက်လေသည်။

A Tale Of Thousand stars Место, где живут истории. Откройте их для себя