19

9.6K 558 28
                                    

💕💕 စေရင် 💕💕
...........(19). ..........

ဒီးးးးးးး ဒီးးးးးးးးး

Phone Ringtone သံကြောင့် နေ့သစ်နိုးလာခဲ့ပြီး ဖုန်းကိုလှမ်းယူကာ ပိတ်ချပစ်လိုက်သည်။ ရင်ခွင်ထဲ ထည့်အိပ်ထားတဲ့ ကိုကိုနိုးသွားမှာကိုသာ စိုးရိမ်မိတော့ ဖွဖွလေးသာ လှုပ်ရှားမိသည်...။

" အင့်...အင်းးး ဟင်းးးး "

အသက်ကို ခပ်အောင့်အောင့်ရှုနေသလို ကိုက်ို့ကြောင့် ငုံကြည့်လိုက်တော့ ကိုကို့နဖူးစပ် ချွေးစလေးများ ခိုတွဲနေပြီး ကိုကိုကလည်း ညည်းသံသေးသေးလေးရှိနေပြန်သည်...။

" ကိုကို ~~~~ ကိုကို "

" အင် "

" ဟာ... ကိုကို ကိုယ်တွေပူနေတာပဲ... ကိုကို ကိုကို "

" အင်း..."

ပြောလေကြားပါသည် ဆိုသည့်သဘောဖြင့် ကိုကို မျက်လုံးမဖွင့်ပါပဲ မျက်ခုံးလေးသာ ပင့်ပြလာသည်...။ ခက်ပါရော... ကိုကို့ကိုနေမကောင်းအောင်လုပ်မိသွားပြီ။
**** ဒီလိုမျိုးပြောလို့ သန့်စစ်ကို လူပျော့စိလေးလို့ မထင်ပါနဲ့ ကျွန်တော်အောက်မှာရှင်းပြပါမယ်ဗျာ သိတဲ့သူလည်းရှိမှာပါ *****

" ကိုကိုရယ်...မောင် ကိုကို့ကို ရေပတ်တိုက်ပေးမယ်နော်..."

" အင်း... "

ကိုယ်ပူ၍ မျက်မှောင်လေးကျုတ်ကာ နာကျင်မှုကို အံတုနေသော ကိုကို့ကို သနားစိတ်နှင့် အားနာစိတ်ရောကာ ကျွန်တော်တကယ် စိတ်ပူပါသည်...။

ရေပတ်ဝတ်လေးယူကာ ရေအေးအေးဖြင့် နဖူးမှစတင်ကာ တစ်ကိုယ်လုံးရေပတ်တိုက်ပေးလိုက်သည်..။ တစ်ရှိန်ရှိန်တတ်နေသော အပူငွေ့ကြောင့် ခပ်ရဲရဲ ဖြစ်နေသော ကိုကို့မျက်နှာကို ငေးကြည့်ရင်း... ။

" ကိုကို ဆန်ပြုတ်လေးသောက်ရအောင်နော် မောင်ယူလာခဲ့ပေးမယ် "

" အင်း "

မျက်လုံးမဖွင့်ပဲ အင်းတစ်ခွန်းသာဆိုနေသော ကိုကို...။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now