"ဒါကိုသူ့ဆီပေးပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ"
ကုဝေက နှုတ်ခမ်းတွေကို တွန့်ကွေးရင်း ပြောလိုက်တယ်။

စကားလုံး အနည်းငယ်နဲ့ ကုဝေက သူနဲ့ကျန့်ရိကြားက အဆင့်အတန်း ကွာခြားချက်ကို အောင်မြင်စွာ ပြသလိုက်နိုင်တယ်။

သူ့စကားဆုံးတာနဲ့ ဒရိုင်ဘာက ကားကိုသူတို့ဆီ မောင်းလာခဲ့တယ်။ ကုဝေက ယွီဖေးရဲ့လက်ကိုဆွဲကာ လက်ဖမိုးလေးကို နမ်းလိုက်ပြီး : "အိမ်ပြန်ကြစို့"

နွေးထွေးတဲ့ အသက်ရှူသံလေးဟာ ယွီဖေးရဲ့ အေးစက်စက် လက်ချောင်းလေးတွေကို အသာအယာ ထိတွေ့နေခဲ့တယ်။ ယွီဖေးက ကုဝေရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဖျစ်လိုက်ပြီး : "အင်း"

ဒီနားမှာ အပြင်လူတွေ ရှိတာကြောင့် ကုဝေက သရုပ်ဆောင်နေတာကို သူသိပေမယ့် ယွီဖေးရဲ့ နှလုံးခုန်သံက စည်းချက်လွဲသွားခဲ့ပြန်တယ်။

"သူကဘယ်သူလဲ?"
ကျန့်ရိက ယွီဖေးကိုကြည့်ပြီး မေးလိုက်တယ်။

အခုကျန့်ရိက သိသိသာသာကိုပဲ ကုဝေကို လျစ်လျူရှုထားတယ်။ အဲဒီ့alphaက အဲဒီ့နေရာမှာပဲ မလှုပ်မယှက် မတ်တပ်ရပ်နေသင့်တဲ့သူပဲ။

ယွီဖေးက ခေါင်းကိုက်လာသလို ခံစားလိုက်ရတယ်။

သူကုဝေကို ဘယ်လိုမိတ်ဆက်ပေးရမလဲ? သူကမင်းရဲ့ အနာဂတ် စိတ်ကူးယဉ် အချစ်ပြိုင်ဘက်လောင်းလို့ ပြောရမလား မင်းနဲ့ရင်ရှင်းချန်ရဲ့ အနာဂတ်ဘော့စ်လို့ ပြောရမလား?!

ကုဝေကလည်း ယွီဖေးကို ကြည့်လိုက်တယ်။ ယွီဖေးသူ့ကို ဘယ်လိုမိတ်ဆက်ပေးမလဲဆိုတာ သူလည်းသိချင်နေပြီ။

Alphaနှစ်ယောက်လုံးက သူ့ကိုစိုက်ကြည့်နေကြတော့ ယွီဖေး သူ့စိတ်ဖိစီးမှုတွေ နှစ်ဆတက်သွားသလို ခံစားလိုက်ရတယ်။

"သူက... သူက"
ယွီဖေးက ကုဝေကို ကြည့်လိုက်တယ်။ ပြီးတော့ ကျန့်ရိကို ကြည့်လိုက်ပြီး : "သူကဘယ်သူလဲဆိုတာ မင်းနဲ့ဘာဆိုင်လို့လဲ?"

ယွီဖေးရဲ့ စကားဆုံးတာနဲ့ ကုဝေရဲ့ ကွေးတက်နေတဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ ချက်ချင်းပြန်ညွတ်ကျသွားပြီး တင်းတင်းစေ့သွားကြတော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now