ကုဝေက သူ့လက်တွေကို အောက်ပြန်ချလိုက်တယ်။

ယွီဖေးက တံခါးဖွင့်ပြီး စာကြည့်ခန်းထဲက ထွက်သွားတော့တယ်။

တံခါးပိတ်လိုက်တဲ့ အချိန်မှာ ကုဝေရဲ့ အကြည့်တွေက နံရံထောင့်က ကွဲကြေနေတဲ့ဖုန်းဆီ ရောက်သွားတာကို ယွီဖေးတွေ့လိုက်ရတယ်။ ကုဝေရဲ့ မျက်နှာတစ်ခြမ်းက အရိပ်ထဲမှာ ကွယ်နေပြီး ကမ္ဘကြီးပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့သလိုမျိုး အထီးကျန်ပြီး ပျောက်ဆုံးနေတယ်။

ကလစ် ဆိုတဲ့မြည်သံနဲ့အတူ စာကြည့်ခန်း တံခါးက ပိတ်သွားတော့တယ်။

အဝေးကို ရောက်သွားခဲ့တဲ့ ခြေသံလေးတွေက တဖြည်းဖြည်း နီးသထက် နီးကပ်လာပြန်တယ်။ ကုဝေ လှည့်ကြည့်လိုက်တော့ အခန်းထဲကနေ ကြောက်လန့်တကြား ထွက်ပြေးသွားတဲ့ ကောင်လေးက သူ့ဆီပြန်ရောက်လာတယ်။

ယွီဖေးက လက်မြှောက်လိုက်ကာ ထိုင်ခုံပေါ်ကလူကို သူ့လက်မောင်းတွေကြားထဲ ဆွဲသွင်းလိုက်ပြီး ထစ်ထစ်အအနဲ့ ပြောလာတယ် : "ဒါက... ခဏတော့ရမယ်"

လုမိသားစုကို ဘယ်လိုဖျက်ဆီးရမလဲ ကြံစည်နေတဲ့ ကုဝေက ရုတ်တရက် ပွေ့ဖက်မှုလေးကြောင့် အံ့အားသင့်သွားခဲ့ရတယ်။

...ကောင်းပြီ လုမိသားစုကိစ္စကို နောက်မှစဉ်းစားတာပေါ့။

အခန်းကို ပထမထပ်ကနေ ဒုတိယထပ်ကို ပြောင်းပြီးတဲ့နောက် အခန်းထဲ အဝင်အထွက်မှာ ကုဝေနဲ့ မကြာခဏ ဆုံတတ်တာကလွဲလို့ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘာမှပြောင်းလဲသွားတာ မရှိဘူး။

ပိတ်ရက်၂ရက်က အလျင်အမြန်ကို ကုန်ဆုံးသွားလေတယ်။

တနင်္လာနေ့ ကျောင်းပြန်သွားတဲ့ အချိန်မှာ ယွီဖေး စာသင်ခန်းထဲကို ဝင်ဝင်ချင်း သူ့အခန်းဖော် ကျောင်းချီ ဆွဲခေါ်သွားတာကို ခံလိုက်ရတယ်။

"မင်း ပိတ်ရက်မှာ group chatတွေနဲ့ ကျောင်းဖိုရမ်ကို ဝင်ကြည့်သေးလား?"

ယွီဖေး : "ဟင့်အင်း"

"မင်းအခုထိ ပျော်နေနိုင်သေးတာ မဆန်းပါဘူး အခုငါ့မှာ မင်းကိုပြောဖို့ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ် ဘယ်ဟာအရင် နားထောင်ချင်လဲ?"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now