အပိုင်း (၃)

Beginne am Anfang
                                    

အသက်၂၀ပြည့်ခါစကောင်ငယ်လေး၏နှလုံးသားထဲသို့ အချစ်ဆိုသည့်အရာ၀င်ရောက်လာချိန်

ဆိုလ်းမြို့ရှိလမ်းမများအထက်တွင်နှင်းတို့ကအဖွေးသားကျနေသည်။အနွေးထည်ခပ်ထူထူ၀တ်ဆင်မှသာတော်ကာကျမည့်ရာသီဥတုဖြစ်၏။နှုတ်ဖျားမှစကားပြောဆိုဖို့အတွက်ဖွင့်ဟလိုက်တိုင်း‌အငွေ့နုနုလေးများကပါပေါထွက်လာလို့ရယ်။ထိုမျှလောက်အေးသည့်အအေးဒဏ်ကိုမည်သူမျှခံနိုင်ရည်မရှိကြပါ။

လူသွားလူလာအပြည့်နှင့်ဆရာ၀န်များ၊နာစ့်မများခေါက်တုံခေါက်ပြန်လမ်းလျှောက်နေရသည့်နားနေဆောင်ဟာလူအပြည့်နှင့်စီကားလျက်ရှိသည်။

Kim Taehyung ... အသက်၂၈နှစ်နှင့်မလိုက်ဖတ်အောင်နုဖတ်လွန်းသည့်ဆရာ၀န်တယောက်ဖြစ်သည်။ဆရာ၀န်မလေးများနှင့်နာစ့်မများ၏အာရုံကိုဖမ်းစားနိုင်သည့်နေရာမှာဆရာတစ်စူဖြစ်သည်။ထို့အပြင်ယောက်ျားသားများ၏အာရုံစိုတ်ခံရမှုကိုလည်းအပြည့်အ၀ရရှိထားသူဖြစ်သည်။သို့ပေမဲ့ သူ၏အချစ်ကိုပိုင်ဆိုင်ထားပြီးသူကရှိနေပြန်ခဲ့သည်။ထိုသူမလေးက .....

" ကိုယ်သိလား ? နာအွန်းလည်းကိုယ်နဲ့အတူဘူဆန်ကိုတာ၀န်ကျတယ် "

ချစ်ရသူဆီမှအလုပ်တာ၀န်၏နေရာအတူကျသည်ကိုသိရသည့်အခါအပြုံးနုနုလေးပေါ်ပေါက်လာခဲ့သည်။

" တကယ်လား ။ ကိုယ်နဲ့အတူနာအွန်းပါဘူဆန်ကိုတာ၀န်အတူတူပြောင်းမယ်ပေါ့ ?"

" အင်းပေါ့ ကိုယ့်ရဲ့ ။ အပါးဆီကမနဲခွင့်တောင်းလိုက်ရတယ် "

ဖခင်ဖြစ်သူဆေးရုံ၏ဒုဥက္ကထထံမှာခက်ခက်ခဲခဲခွင့်တောင်းလာရကြောင်းကိုမျက်လေးရှုံ့မဲ့ကာချစ်ရသူထံသို့ပြောပြလာသည်။အစကတည်းကဆေးရုံဒုဥက္ကထ၏သမီးဖြစ်သူမို့အလေးပေးခံခဲ့ရသည်။Taehyungနှင့်တွဲနေသည်ကိုဖခင်ဖြစ်သူသိသွားသည့်အခါမှာလည်းမပိတ်ပင်ပါပဲသဘောတူပေးခဲ့သည်။

" လိမ္မာလိုက်တာ ကိုယ့်ရဲ့နာအွန်းလေးက ။ ဆုချရမယ် ယူမလား ?"

" Kim Taehyung shii ! လူမြင်ကွင်းကြီးမှာ "

" အာ့ဆိုလူကွယ်ရာသွားမလား ?"

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWo Geschichten leben. Entdecke jetzt