18 🔞🔞

15.1K 555 44
                                    

💕💕 စေရင် 💕💕
...........(18). ..........
#Warning

" မောင့်ကို လွမ်းလို့ ပါ... ဆို "

အလိုဗျာ... လွမ်းတယ်ပြောတဲ့ ကိုကို့မျက်နှာထက်က အပြုံးက.....။

မရိုးမသားကြီးးးးးးး။
ကျွန်တော် မျက်လုံးများပင် ပြူးသွားမိသည်ထင်သည်။ ကိုကို့ဘက်က ထိုကဲ့သို့ တောင်းဆိုလာလိမ့်မည်ဟု ကျွန်တော် မတွေးခဲ့ဘူးပါ။

" ကိုကို ဒါဆို ခဏလေးနော် "

" အင်း "

ကိုကို့ကို ပြန်ဖက်လိုက်ပြီး ပုခုံးမှကျော်ကာ Laptop ကိုကျော်ကြည့်လိုက်ပြီး Shut Down ချလိုက်သည်။ ပြီးနောက် ကိုကို့ကို ပွေ့ကာ ထလိုက်ပြီး အိပ်ရာထက်ညင်ညင်သာသာချပေးလိုက်သည်။ ပြီးနောက်
ကိုယ်ကိုပြန်ကြွလိုက်သော်လည်း ကိုကိုက အကြွမခံ လည်ပင်းအား သိုင်းဖက်ကာ ပြုံး၍ ကြည့်နေသည်။

ကိုကို... ကိုကို ခင်ဗျား တစ်ဖက်သားကို ရူးအောင်လုပ်တဲ့နေရာမှာ သိပ်တော်တယ် ။

" ကိုကို ခဏလေးနော် မောင်ဆေးသောက်လိုက်ဦးမယ် တော်ကြာ အဖျားက တာရှည်နေဦးမယ် "

" ကိုကို မောင့်ကိုမခွဲချင်ဘူး တစ်ခါတည်းခေါ်သွား "

" ဟောဗျာ "

စာကြည့်စားပွဲနှင့် အိပ်ရာက အလွန်ဆုံးဝေးမှ ငါးပေကျော် ခြောက်ပေခန့်သာ ။
ထိုအကွာအဝေးကို..... ထိုအကွာအဝေးကိုလေ။
ကိုကိုတစ်ယောက် အချွဲကြီးချွဲလေပြီ.. ။
ကျွန်တော်ဆိုတဲ့ကောင်ကလည်း အချွဲခံရတာကို ပျော်နေသူဆိုတော့....။

ကျွန်တော် ကိုကို့ကိုပွေ့ချီလိုက်တော့ ကျွန်တော့လည်ပင်းကိုသိုင်းဖက်ကာ နှာဖျားလေးက လည်ဂုတ်သို့ မထိတထိတိုးဝင်လာပြီး ။

" ကိုကို ချွဲစိန်လေး ဆေးများမှားသောက်ထားလား "

" အင်း "

" ဟုတ်လား "

" ပိုးသတ်ဆေးတွေသောက်ထားတယ် "

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now