17

10.2K 609 49
                                    

💕💕 စေရင် 💕💕
...........(17). ..........

" ကိုကို မောင်လေ တမင်နှောက်ယှက်တာမဟုတ်ပါဘူး ဟိုလေ "

" ရပါတယ်မောင် ကိုကိုတို့က ရိုးသားပါတယ် ကိုကို့အတွက် ဘာမှအနှောက်အယှက်မဖြစ်ပါဘူး "

" ဟုတ် ကိုကို "

ပြည်လမ်းတစ်လျှောက် တစ်ရွေ့ရွေ့သွားနေသော ကားလေးထဲ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
ကန်ရေပြင်ကိုမြင်ရသည့် စားသောက်ဆိုင်ထဲ အလုပ်ကိစ္စတစ်ခုဖြင့်လာရင်း ကိုကိုနဲ့ လူစိမ်းတစ်ယောက်စကားပြောနေသည်။

ကိုကိုက 'အစ်ကို' လိုခေါ်တဲ့သူတဲ့။
Gentelman ဟန်အပြည့်ဖြင့် ကြင်နာနွေးထွေးသော မျက်ဝန်းများရှိနေသည်။
ကိုကိုမိတ်ဆက်ပေးသော်လည်း ကျွန်တော့သံသယတွေကတော့ လျော့ပါးမသွားနိုင်သေးပါ။

ကိုကိုကတော့ တစ်ခုခုကို နင့်နင့်နဲနဲ တွေးနေသလိုပင်.. ကိုကိုဘာတွေတွေးနေမလဲ။
ကျွန်တော့အကြောင်းလား ?။ စောနက လူအကြောင်းလား ?။

ခြံထဲကားကွေ့ဝင်လိုက်ပြီး ကားရပ်လိုက်သည်နှင့်ကိုကိုက တိတ်တိတ်ဆိတ်ဆိတ်ပင် ကားပေါ်မှဆင်းကာ အိမ်ထဲဝင်သွားလေပြီ။

ကျွန်တော်အိပ်ခန်းထဲရောက်တော့ ကိုကို ရေချိုးခန်းထဲဝင်သွားပြန်သည်မို့ ဝရန်တာဖက်ထွက်လာပြီး လေပူတစ်ချို့မှုတ်ထုတ်လိုက်မိသည် ။ ပြီးနောက်... ဘောင်းဘီအိတ်ထဲက စီးကရက်ဘူး ကိုထုတ်မိရပြန်သည်။ တကယ်ဆိုသောက်တဲ့အကျင့် မရှိတာကြာပြီဖြစ်ပေမယ့် ဒီအပတ်တွေထဲ ကိုကို့ကိစ္စရော လုပ်ငန်းကိစ္စတွေကပါ ကျွန်တော့ကို နှိပ်စက်လေသည်မို့ ။

>> ကိုကို အဲ့ဒီ့လူစကားပြောနေတာကို အဲ့လောက်တစ်နင့်တစ်နဲ ငေးကြည့်နေဖို့လိုလားဗျာ ကိုကိုရာ..မောင့်ကိုနှိပ်စက်နေတာလား..

နှလုံးသားရဲ့ ခံစားချက်က ကိုကို့ကိုဆုံးရှုံးလိုက်ရမှာကို သေမတတ်ကြောက်နေမိသည်။
ဦးနှောက်ရဲ့ အသိဥာဏ်နဲ့ ကိုကို့ရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်ပေးလိုက်ချင်သည်လေ။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now