16

9.8K 596 26
                                    

💕💕 စေရင် 💕💕
...........(16). ..........

နှစ်ပတ်ခန့်ကြာလေပြီ !
ကိုကိုက ဘာကိုမကျေနပ်ဖြစ်နေသနည်းဟု အ​ဖြေရှာလို့မရသေး။ စကားနည်းသွားပြီး မေးတစ်ခွန်းခေါ်တစ်ခွန်းဘဝဖြင့်သာ...။

ကြားထဲတွင် ကိုကို့ကိုကြည်ဖြူလာစေရန် ခန္ဓာချင်းယှက်နွယ်ရန် ကြိုးစားခဲ့သော်လည်း... ကိုကို့ပုံစံက အဆင်မပြေသည်မို့ လက်လျှော့လိုက်ရပြန်သည်။
ကိုကိုက မကြည်ဖြူလျှင် သူ့ဆန္ဒလိုအင်သည် ပမွှားလေးသာ...။

" အစ်ကိုလေး ကျွန်မပြင်ပေးမယ်လေ ဘာလုပ်ချင်တာလဲ "

" အော ဒေါ်လေးစိန် ဟင်းပွဲတွေကို အပူပေးပေးပါ ပြီးရင် ကျွန်တော့ကိုပေး ကျွန်တော် ညစာဝိုင်းကို ပြင်မယ် "

" ဟုတ်ကဲ့ အစ်ကိုလေး "

ညစာအတွက် တမင်ပင်အပြင်က စားသောက်ဖွယ်ရာများဝယ်လာခဲ့သည်။ ပြီးတော့ ဝိုင်ခွက်လေးနှစ်လုံးအား စားပွဲ၏ဟိုဘက်ထိပ် ဒီဘက်ထိပ်သို့ချထားလိုက်သည်။ အမွှေးရနံ့ပါသော ဖယောင်းတိုင်လေးများအား ထွန်းထားလိုက်ပြီး ကိုကို့ကို Surprise လုပ်ချင်သည်။

ကိုကို့ကို Surprise လုပ်ရန် ကျွန်တော်ပြင်ထားသော ကိစ္စရပ်များလည်းရှိသေးသည်။ ကျွန်တော့ကို ကိုကိုလေးစားအထင်ကြီးမှန်းသိပါသည်။ သို့သော်လည်း လူ့အတ္တပဲလေ။ ဖြစ်နိုင်လျှင် ငါ့ချစ်သူက တစ်လောကလုံးမှာ 'အတော်ဆုံးပဲ ပြိုင်ဘက်ကင်းပဲ' ဟု ဂုဏ်ယူစွာ ထင်မြင်စေချင်လေသည်။

ကိုကိုပြန်ရောက်သည့်အသံကြားလေပြီ။
အရင်ဆို ကျွန်တော်က အရင်ပြန်ရောက်လေ့မရှိ။ ကိုကိုကအရင်ရောက်နှင့်နေ၍သာ...။

အော် ကိုကိုဖုန်းပြောလာတာပဲ။
ဟင်းးး ကိုကို့အပြုံးကိုမမြင်ရတာတောင် ကြာခဲ့ပြီလေ။

" ရတယ်အစ်ကို ဘာဖြစ်ဖြစ်ပါ "

အစ်ကို ???... ကိုကိုက အစ်ကိုလို့သုံးနှုန်းပြီး စကားပြောတဲ့သူက ဘယ်သူလဲ...။
ဟိုဘက်က ဘာပြောလိုက်သည်မသိ ကိုကိုက ထရယ်လေသည်။ ကျွန်တော့ထက် ကိုကို့ကို ပိုမိုပျော်ရွှင်အောင် လုပ်ပေးနိုင်သူတစ်ယောက် ပေါ်ပေါက်နေပြီလား။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now