( ချိုချိုတိုက်နေတာ 🍼 )
" အရှင်..ဘာဖြစ်လို့လဲ.."
" ......... "
" အရှင်..အွတ် " ( အံ့သြ၍ မျက်လုံးပြူးသွား)
ရုတ်တရက် ၀မ်ရိပေါ်က သူ့နှုတ်ခမ်းကို လာနမ်းနေတယ်!
အရင်ကလို ကြမ်းတမ်းမှုမရှိ နူးနူးညံ့ညံ့လေး..
ရှောင်းကျန့်က အံ့သြလွန်းလို့..ဘာမှမလုပ်နိုင်သော ထိုအနေအထား။
အသက်တွေ ရှူမြန်လာတယ်..သူ့မျက်တောင်တွေကလဲ ပုတ်ခပ်ပုတ်ခပ်နဲ့ ။
အရှင့်ကို ကြည့်တော့ မျက်လုံးတွေ မှိတ်နေတာ ။
တွန်းဖယ်ချင်ပေမဲ့..ရှောင်းကျန့်လက်တွေက ခလေးတွေ ထိန်းနေရတာမို့ လက်မအားပေ။
၇ မိနစ်လောက် ထိတွေ့ပြီးတဲ့အကြာမှာ..
ရိပေါ် အသိစိတ်ပြန်ကပ်လာပြီ။
သူရဲ့ လုပ်ရပ်ကြောင့် သူကိုယ်တိုင်လန့်ကာ
" ရှောင်းကျန့် ! "
" ဟင် "
' ကျစ်..ဘာမှမဟုတ်တော့ဘူး..! ငါသွားပြီ 'တဲ့
" အရှင်.ခဏ ! "
ပြောလို့တောင် မဆုံးသေး..လျင်မြန်စွာ ထွက်သွားလိုက်တာ။
အရှင်..သူ့ကို ရှက်သွားတာများလား ?
တွေဝေနေသောအခါမှာပင် လက်ထဲက ခလေးတွေ လှုပ်ရှားလာကြသည်။
" နို့ဝပြီလား..ကလေးလေး "
ကလေးငယ်နှစ်ယောက် ရှောင်းကျန့်ကို မော့ကြည့်တယ်။ သူတို့လက်လေးတွေကလဲ..ရှောင်းကျန့်..ပါးပေါ် လာထိချင်နေကြတာ..လက်လှမ်းမမှီလို့.
.လေပေါ်မှာပင်..လက်မြှောက်ပြီး ဆော့ကစားနေကြသည်။
**********
" အားတျဲ..အဆင်ပြေရဲ့လား..ဟင်..ဘယ်နား အဆင်မပြေတာရှိလဲ..ကျန့်ကျန့်ကိုပြော.. "
" သားငယ်ရယ်..
တျဲအဆင်ပြေနေပါပြီ..ဖြေးဖြေးမေးပါ "
တစ်လနဲ့ သုံးရက်မြောက်နေ့တွင်..တျဲအားလုံး အဆင်ပြေနေပါပြီဆိုပြီး သမားတော်တွေက ပြောကြသည်။ အားမရှိသေးသောကြောင့် စွပ်ပြုတ်ကိုသာ သောက်ရမည်ဟု မှာကြားသေး၏။
" အားတျဲ.. ကျန့်ကျန့်..စွပ်ပြုတ်လေး ယူလာတယ်..သမားတော်တွေက ပြောတယ် မာတဲ့အစားအစာတွေ မစားရဘူးတဲ့.. အားတျဲ မကြိုက်လဲ စားရတော့မယ် "
YOU ARE READING
⚠️𝙇𝙞𝙠𝙚 𝘼 𝙍𝙤𝙮𝙖𝙡 𝙎𝙚𝙭 𝙎𝙡𝙖𝙫𝙚 ⚠️(𝙕𝙖𝙬/𝙐𝙣𝙞) 𝙈𝙥𝙧𝙚𝙜
Historical Fictionအစမကောင်းခဲ့တဲ့ ဇာတ်လမ်းက နောက်ဆုံးမှာ Happy Ending ဖြစ်ကြတယ် ❤️ Completed. Start Date-Apirl 13 .2021 End Date - July 26.2021
LASS-9🚨🚨🚨final
Start from the beginning
