နောက်တော့ကိုယ့်ဘေးနားကိုကောင်မလေးတစ်ယောက်လာထိုင်သည်
"ငါ့နာမည်က နှင်းစက် ပါ၊ နင့်နာမည်ကကောဟင်"
ရုတ်တရက်ကြီး‌နာမည်မေးခံလိုက်ရတော့ကိုယ့်မှာသူ့ကိုအူကြောင်ကြားအကြည့်နဲ့ကြည့်နေမိတယ် ခဏကြာတော့မှ

"အာ..ငါ့နာမည်က ကြယ်စင် ပါ" 

ဆရာမအတန်းထဲကိုဝင်လာတော့ကိုယ့်ကိုကျောင်းသူအသစ်ဆိုပြီးတစ်တန်းလုံးနဲ့မိတ်ဆက်ပေးပြီး ဒီလိုနဲ့ကျောင်းတက်တာတစ်လသာကြာသွားတယ်ကိုယ့်မှာသူငယ်ချင်းဆိုလို့  နှင်းစက် တစ်ယောက်ထဲရယ် တစ်နေ့ကျတော့ကိုယ်လည်းအဲ့တစ်ယောက်နာမည်ကိုအရမ်းသိချင်လာတာနဲ့နှင်းစက်ကိုမေးလိုက်တယ် နှင်းစက်က

"သူ့နာမည်က ခေတ်သစ်
လေ ငါနဲ့တစ်လမ်းထဲနေတာ သူ့ဘေးနားကတစ်ယောက်ကသူရိန်တဲ့ နောက်နေ့ငါတို့ဆော့ရင်သူတို့နှစ်ယောက်ကိုပါခေါ်ဆော့လို့ရတယ် ငါနဲ့ရင်းနှီးတယ်" 

ကိုယ်လည်းအလိုက်သင့်လေး

"အင်းခေါ်ဆော့မယ်လေ" ဆိုပြီးပြန်ပြောလိုက်မိတယ်

ဒီလိုနဲ့နောက်နေ့လဲကျကောနှင်းစက်ကသူတို့နှစ်ယောက်ကိုဆော့ဖို့ဆိုပြီးခေါ်လာတယ်
အဲ့လိုနဲ့ပဲခေတ်သစ်ဆိုတဲ့ကောင်လေးနဲ့စပြီးသိခဲ့ကြတယ်  သိတာကြာလာတာနဲ့အမျှတဖြည်းဖြည်းရင်းနှီးလာခဲ့တယ် သူ့အကြောင်းတွေကိုလည်းပိုသိလာခဲ့တယ်
သူ့ပုံစံကဂျစ်ကန်ကန်လေး၊ ဘယ်သူပြောတာမှနားမထောင်ဘူးသူလုပ်ချင်တာလုပ်မယ်ဆိုတဲ့ပုံစံမျိုး ရုပ်လေးကသန့်သလောက်ငယ်ငယ်လေးနဲ့ရည်းစားကထားလိုက်သေးတယ်မိန်းကလေးတွေကလည်းသူ့ဘေးမှာဝိုင်းဝိုင်းလည်လို့ သူကလည်းချောတာကိုးးး

သူ့အပြင်ပုံစံကအဲ့လိုမျိုးဆိုပေမယ့်အတွင်းစိတ်ကတော့နွေးထွေးတယ်နူးညံ့တယ် သူငယ်ချင်းတွေကိုလည်းဂရုစိုက်တယ် ဒါကြောင့်မို့လူချစ်လူခင်ပေါနေတာမထူးဆန်းပါဘူး တစ်နေ့သူ့စာအုပ်ကိုအမှတ်မဲ့ကြည့်လိုက်မိတော့ လက်ရေးကလည်းဝိုင်းစက်လို့ စာမေးပွဲတိုင်းမှာလည်းအမှတ်ပြည့်တွေကြီးပဲ ဆရာမတွေရဲ့အချစ်ကိုလည်းခံရတယ် အဲ့လိုဂျစ်ကန်ကန်ကောင်လေးကကိုယ့်စိတ်ထဲမှာဘယ်အချိန်ထဲကနေရာဝင်ယူလိုက်လဲတောင်မသိပါဘူး.....

အချစ်ဦးWhere stories live. Discover now