EPISODE - 4

654 115 15
                                    

EPISODE - 4 (Unicode)

Taehyungကို သူငယ်ချင်းဖြစ်သူနှင့် စိတ်ချလက်ချထားခဲ့ပြီး Yerin ကားလေးကို ဖြည်းဖြည်းချင်း မောင်းလာခဲ့သည်။ မျှော်လင့်တကြီး စောင့်စားနေရသူထံမှ ချစ်ခွင့်ပန်ခံရပြီး ချစ်အဖြေပြန်ပေးလိုက်နိုင်သဖြင့် သူ့စိတ်တွေ လေထဲမျောလွင့်နေသလို ခံစားရသည်။ အဖြေပေးပြီးပြီးချင်း ထယ်ယောင်းနှင့် အချိန်အကြာကြီး နေပေးချင်သော်လည်း တာဝန်ဝတ္တရားရှိသေးသဖြင့် အိမ်ကိုအမြန်ပြန်လာခဲ့သည်။

အကြောင်းကတော့ မောင်ဖြစ်သူဆော့ဂျင် အိမ်လည်လာမည်ဖြစ်၍ သူအိမ်မှာရှိနေဖို့ အရေးကြီးလှသည်။ မိဘများကွာရှင်းပြီးသည့်နောက် ဆော့ဂျင်က အမေဖြစ်သူနှင့် လိုက်နေခဲ့ပြီး Yerinက အဖေဖြစ်သူနှင့် ကျန်နေခဲ့သည်။ သို့သော် မိဘနှစ်ယောက်လုံးအိမ်ကို မောင်နှစ်မနှစ်ယောက်လုံး ဝင်ထွက်သွားလာခွင့်ပြုထားသည်။ အချင်းချင်း မတွေ့ချင်လောက်အောင်မုန်းနေသော်လည်း သားသမီးကို မမုန်းနိုင်ကြသည်က ဓမ္မတာပင်။

ဝူး...ကျွီ!. ..!

အိမ်ရောက်ခါနီး လမ်းကြားထဲကားဝင်ဝင်ချင်း ဆိုင်ကယ်တစ်စီး အရှိန်ဖြင့်မောင်းလာပြီး ကားရှေ့ပိတ်ရပ်လိုက်သဖြင့် Yerin ကားဘရိတ်ကို အမြန်ဆွဲအုပ်လိုက်ရသည်။ မထင်မှတ်သော အခြေအနေကြောင့် ထိတ်လန့်ရသည်က မျက်လုံးများပြာဝေသည်အထိ။

" ဘယ်လိုအရူးက ကားရှေ့ဖြတ်ဝင်ပြီး ဆိုင်ကယ်ပိတ်ရပ်ရဲတာလဲ။ ဘရိတ်အုပ်တာမြန်လို့ မဟုတ်ရင် ဒင်းသေပြီပဲ။ ငါလည်း ထောင်နန်းစံရဖို့ သီသီလေးလွတ်သွားတယ် "

Yerin ကားရပ်သွားသည်နှင့် ဆိုင်ကယ်သမားက ဆိုင်ကယ်ပေါ်မှဆင်းလာခဲ့သည်။ မြင်ရုံလေးနှင့်ပင် အရပ်အမောင်းကောင်း၍ တောင့်တောင့်ဖြောင့်ဖြောင့် ယောက်ျားသားတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။ သို့သော် ဆိုင်ကယ်ဦးထုပ်ဆောင်းထားသဖြင့် ဘယ်သူဘယ်ဝါဆိုသည်ကို မသိနိုင်သေး။

Yerin ကားပေါ်မှဆင်းလာချိန် ဆိုင်ကယ်သမားက ခြေသုံးလှမ်းခန့်လှမ်းလျှက် သူ့နားလျှောက်လာပြီး ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။ ဆိုင်ကယ်သမားမျက်နှာကို မြင်လိုက်ရချိန် Yerinမျက်နှာက ချက်ချင်းတည်သွားသည်။ နှုတ်ခမ်းနှစ်လွှာက ဖြည်းညင်းစွာလှုပ်ရှားလာပြီး နာမည်တစ်ခုကို အသံထွက်ရေရွတ်လိုက်မိသည်။

Love Scenario (Taekook/Completed) Where stories live. Discover now