ပေကျင်းမြို့ လမ်းအများစုမှာ နှင်းတွေက ဟိုတစ ဒီတစ။
လွန်ခဲ့သည့်တပတ်လောက်ကတည်းက ကျနေသည့်နှင်းထူထပ်မှူကြောင့် တချို့နေရာတွေဆိုကားလမ်း တွေပိတ်ထားရသည်။
နဂိုကတည်းက ကားကျပ်နေကျမို့ အခုဆိုနှင်းထူထပ်မှူကြောင့်
ကားလမ်းတွေမှာ လူတွေကတိုးတိုးကျိတ်ကျိတ်။လူအများစုက ဒူးလောက်ထိရှည်သည့် ခပ်နွေးနွေးကုတ်အင်္ကျီတွေကို အများအပြား ဝတ်ဆင်ထားကြသည်။ ပေကျင်းမြို့ Wang Company ရဲ့ မျက်နှာချင်းဆိုင်ရှေ့ ခပ်လှမ်းလှမ်းမာ ကော်ဖီဆိုင် တဆိုင်ရှိတယ်။
ထိုဆိုင်ရဲ့ထောင့်ဆုံးကျသည့် စားပွဲမှာ ထိုင်နေသည်က
သူငယ်ချင်းများ ဖြစ်ဟန်တူသည့်လူငယ် ၄ယောက်။
အတိကျဆိုရလျှင် သူငယ်ချင်း ၃ယောက်ရယ် သူတို့
ထက် နှစ်အနည်းငယ်ကြီးဟန်တူသည့် လူတယောက်ရယ် စုစုပေါင်း ၄ယောက်။ထိုလူ ၄ယောက်က စားပွဲရဲ့တဖက်မာ ၂ယောက်
ကျန်တဖက်မှာက ၂ယောက်ပုံစံနှင့်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ထိုအခါ ကျန်၃ ယောက်ထက် အသက်ကြီးဟန်တူသည့်လူက လက်ထဲကပူ နွေးနွေး ကောဖီခွက်ကို တို့ကနန်း ဆိတ်ကနန်းမျှသာ သောက်ပီး ဘေးကကောင်လေးကို လှမ်းကြည့်သည်။အဆင့်သင့်ဖြစ်ပီဆိုသည့်ပုံစံမျိုးတဲ့ ခေါင်းညိတ်ပြတော့
ဘေးကကောင်လေးကလဲ စကားပြောရန်စတင်တော့သည်။"ကျန့်ကော ဒါက ဟောက်ရွမ်း"
"အင်း ရိပေါ်"ဟောက်ရွမ်းက နာမည်နဲ့လိုက်သလို ခေတ်ဆန်ဆန်နေ ထိုင်တတ်သည့်အလား လူငယ်တွေဝတ်နေကျ အရောင်သွေး
စုံသည့် အဝတ်အစားများ ဝတ်ဆင်ထားသည်။
ကြည့်ရတာ ကပိုကရို နိုင်သော်လဲ လူငယ်ပီပီ တမျိုးကြည့်ကောင်း နေသည်။
ရိပေါ်က ဘယ်ဘက်မာ ထိုင်နေသည့်
တယောက်ကို ဟောက်ရွမ်းလို့မိတ်ဆက်ပေပီး ညာဘက်က
တယောက်ကိုလဲ မိတ်ဆက်ပေးလာသည်။
ŞİMDİ OKUDUĞUN
In My Mind( Completed)
Hayran Kurguထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...