15

9.8K 513 12
                                    

💕💕 စေရင် 💕💕
...........(15). ..........

" ကိုကို အိပ်နေပြီလား "

". ........."

" ကိုကို "

". .........."

ကျောခိုင်းကာ အိပ်ချင်ယောင်ဆောင်နေသော ကျွန်တော့ကို မောင့်ခေါ်နေပေမယ့် ကျွန်တော် ပြန်ထူးချင်စိတ်မရှိ။

ကျွန်တော့အတွက်မဟုတ်မှန်းသိရက် ချစ်တယ်လို့ ပြောတာကိုလည်း ယုံခဲ့တယ်။ လက်ထပ်မယ်လို့ ပြောတာကိုလည်း ကြည်နူးခဲ့တယ်။ ကျွန်တော်တော်တော် ညံ့ဖျင်းတဲ့သူပါ။ တုံးအလွန်းတယ် ။

မောင်က ကျွန်တော့ခေါင်းကို အသာမလိုက်ပြီး သူ့လက်မောင်းပေါ်တင်လိုက်ကာ ကျွန်တော့ကိုသူ့ရင်ခွင်ထဲ ထည့်၍ ဖက်ထားလေသည်။ အရင်လိုစိတ်မျိုးနဲ့ဆိုရင် ကျွန်တော်ဝမ်းသာမိပေမည်။ ကြည်နူးမိပေမည်။ ယခုတော့...။

" ပြွတ် ကိုကို မောင့်ကို တစ်ခုခု မကျေနပ်ဘူးမို့လား "

ကျွန်တော့ကိုယ်လုံးက မောင့်ထက်သေးသွယ်သည်မို့ ရင်ခွင်ထဲ မြုပ်အောင် ဖက်ထားသော မောင်က ကျွန်တော့ ဂုတ်သားလေးကို နမ်းရှိုက်ရင်း ပြောလာလေသည်။

" ကိုကိုရယ် မောင်လေ ကိုကိုဘာဖြစ်နေတာလဲဆိုတာကို သိခွင့်မရှိဘူးလားဟင်.
မောင့်ကို ချစ်ရင်ပြောလေနော် ကိုကို "

". ..........."

" မောင့်ကို သနားပါဦးဗျာကိုကို...ဘာကိုမကျေနပ်တာလဲဆိုတာ မောင်သိမှ ပြုပြင်လို့ရမှာလေကိုကိုရယ် မောင့်ကိုအဲ့လိုစိမ်းစိမ်းကြီးမနေပါနဲ့ မောင့်ကိုမကျေနပ်လို့ ဆွဲထိုးလိုက်ရင်တောင် မောင်အဲ့လောက် နာကျင်ခံစားရမှာ မဟုတ်ဘူးကိုကိုရယ် အခုလိုကြီးက မောင့်ရင်တွေနာ "

" မောင်.. "

" အင်း ကိုကို "

" မောင် ကိုကို့ကိုလိုချင်နေတာလား ခုလိုစကားအရှည်ကြီးတွေ ပြောနေတာက "

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now