Description

37.8K 1.3K 10
                                    

Zawgyi

Shen Yan က ဝတၳဳစာအုပ္တစ္အုပ္ထဲက ဗီလိန္ရဲ႕ရည္းစားေဟာင္းပဲ။ သူမက အနာဂတ္ေအာင္ျမင္မႈအတြက္ ဗီလိန္နဲ႕လမ္းခဲြခဲ့တာျဖစ္တယ္။ ဗီလိန္ ခ်မ္းသာလာတဲ့အခ်ိန္မွာေတာ့ သူမက သူ႕ကိုအရူးအမူးျဖစ္တဲ့အထိ ျပန္လိုခ်င္လာတယ္။

Shen Yan နိုးထလာခ်ိန္မွာေတာ့ သူမကျပန္လည္ေမြးဖြားလာခဲ့ျပီ။


သူမက ဗီလိန္ဇာတ္ေကာင္ရဲ႕အက်ႌလက္ကိုလွမ္းဆြဲျပီး သူမတို႕ေတြအတူတူျပန္ရိွနိုင္မလားဆိုျပီးေမးခဲ့တယ္။ ဗီလိန္ဇာတ္ေကာင္က သူမသာေလွကားေပၚကခုန္ခ်ခဲ့မယ္ဆိုရင္ သူ႕အေနနဲ႕သူမကိုအခြင့္အေရးျပန္ေပးမယ္လို႕ျပန္ေျဖခဲ့တယ္။

Shen Yan ကအေဝးကိုထြက္ေျပးဖို႕ပဲေရြးခ်ယ္ခဲ့တယ္ ...

လအနည္းငယ္ၾကာျပီးေနာက္မွာေတာ့ ဗီလိန္က သူမေရွ႕မွာဒူးေထာက္ခဲ့ျပီး မ်က္ရည္ေတြၾကားမွခါးသီးစြာနဲ႕ေျပာလာတယ္
" ကိုယ္သာ ေလွကားေပၚကခုန္ခ်လိုက္မယ္ဆိုရင္ မင္းကိုယ့္ကိုအခြင့္အေရးနည္းနည္းေလာက္ျပန္ေပးနိုင္မလား "

ျပဇာတ္ငယ္:

အမ်ိဳးသမီးဇာတ္လိုက္ : နင့္ကိုနင္  Meng Yi' an နဲ႕ထိုက္တန္တယ္လို႕ထင္ေနတာလား ?

Shen Yan : ဟင့္အင္း .. ငါနင့္ရဲ႕ကုမၸဏီကိုပဲဝယ္ခ်င္တာ Meng Yi' an ကိုမဟုတ္ဘူး .. ဒါေပမယ့္ ငါ အလုပ္ေတာ့ၾကိဳးစားရမွာေပါ့

Everyone: …

***

Unicode

Shen Yan က ဝတ္ထုစာအုပ်တစ်အုပ်ထဲက ဗီလိန်ရဲ့ရည်းစားဟောင်းပဲ။ သူမက အနာဂတ်အောင်မြင်မှုအတွက် ဗီလိန်နဲ့လမ်းခွဲခဲ့တာဖြစ်တယ်။ ဗီလိန် ချမ်းသာလာတဲ့အချိန်မှာတော့ သူမက သူ့ကိုအရူးအမူးဖြစ်တဲ့အထိ ပြန်လိုချင်လာတယ်။

Shen Yan နိုးထလာချိန်မှာတော့ သူမကပြန်လည်မွေးဖွားလာခဲ့ပြီ။

သူမက ဗီလိန်ဇာတ်ကောင်ရဲ့အင်္ကျီလက်ကိုလှမ်းဆွဲပြီး သူမတို့တွေအတူတူပြန်ရှိနိုင်မလားဆိုပြီးမေးခဲ့တယ်။ ဗီလိန်ဇာတ်ကောင်က သူမသာလှေကားပေါ်ကခုန်ချခဲ့မယ်ဆိုရင် သူ့အနေနဲ့သူမကိုအခွင့်အရေးပြန်ပေးမယ်လို့ပြန်ဖြေခဲ့တယ်။

Shen Yan ကအဝေးကိုထွက်ပြေးဖို့ပဲရွေးချယ်ခဲ့တယ် ...

လအနည်းငယ်ကြာပြီးနောက်မှာတော့ ဗီလိန်က သူမရှေ့မှာဒူးထောက်ခဲ့ပြီး မျက်ရည်တွေကြားမှခါးသီးစွာနဲ့ပြောလာတယ်
" ကိုယ်သာ လှေကားပေါ်ကခုန်ချလိုက်မယ်ဆိုရင် မင်းကိုယ့်ကိုအခွင့်အရေးနည်းနည်းလောက်ပြန်ပေးနိုင်မလား "

ပြဇာတ်ငယ်:

အမျိုးသမီးဇာတ်လိုက် : နင့်ကိုနင်  Meng Yi' an နဲ့ထိုက်တန်တယ်လို့ထင်နေတာလား ?

Shen Yan : ဟင့်အင်း .. ငါနင့်ရဲ့ကုမ္ပဏီကိုပဲဝယ်ချင်တာ Meng Yi' an ကိုမဟုတ်ဘူး .. ဒါပေမယ့် ငါ အလုပ်တော့ကြိုးစားရမှာပေါ့

Everyone: …

***

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now