ဒါကိုကြားချိန်၌ နဉ်ရှု တောင့်တင်းသွား၏။ ဒီစကားက မူလဇာတ်ကြောင်းမှာ ဝမ်ရူဟွားက မုယန်မုန့်ကို ပြောခဲ့တဲ့စကားမဟုတ်ဘူးလား? ဒါပေမယ့် အခု သူမက ပိုင်ချငိရှန်းလေ။

"အခုကစပြီး မင်းကိုယ်မင်းမစောင့်ထိန်းရင် ငါ မင်းဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်။"

ဝမ်ရူဟွားက အေးစက်စက်နှာမှုတ်ကာ သူမကိုတိုက်ကာ ထွက်သွားလေ၏။

နဉ်ရှုက သူ့ကျောကိုလှမ်းကြည့်သည်။ သူမက ဝမ်ရူဟွားကို အစွန်းဘက်ကို တွန်းပို့မိပုံရပေမယ့် သူမ ဘာမှမလုပ်ရသေးဘူးလေ? ဝမ်ရူဟွားကပဲ လိုက်ထိန်းချုပ်နေတဲ့ ငကြောင်ကောင်ဖြစ်ပြီး သူမကို ဟယ့်တာ့ဟွားနဲ့ ဝေးဝေးနေဖို့ လာပြောနေတာ။

နဉ်ရှုမှာ သူမရဲ့ တစ်ကိုယ်ရေကျန်းမာရေးနဲ့လုံခြံမှုကို ပြန်စဉ်းစားဖို့ လိုအပ်လာပြီဟု ခံစားလိုက်ရကာ အိမ်ထဲဝင်သွားပြီး နံရံမှာချိတ်ထားတဲ့ မိသားစုအမွေဓားကိုကြည့်၏။ အမ်း၊ ဒီဓားကို ကာကွယ်ဖို့သုံးကြတာပေါ့။

သူမက ဓားကို တဲထဲမှာဖွက်ထားလိုက်သည်။ ယွဲ့လန်က မေးသည်။

"ဘာလို့ ဒီလိုလုပ်နေတာလဲ မမလေး? ဘာလို့ ဓားတစ်ချောင်းကို အိပ်ရာဘေးမှာ ထားထားတာလဲ? အဲ့ဒါတွေက နိမိတ်မကောင်းဘူး၊ အိပ်မက်ဆိုးတွေ မက်စေလိမ့်မယ်။"

"ဘာမှမဖြစ်ဘူး၊ နင့်မမလေးက သန်မာပါတယ်။ နင့်မမလေးမှာလည်း လက်နက်ရှိတာပဲ။"

နဉ်ရှုက လက်ကိုသုံးကာ သူမ၏ရင်သားကို ပင့်တင်၏။

ယွဲ့လန် : …

[ရှင်းလင်းချက် : လက်နက် (凶(ကြမ်းတမ်းခက်ထန်သော)器(ပစ္စည်း) xiong1 qi4) ‘လက်နက်’ (胸(ရင်)器(ပစ္စည်း)xiong1 qi4)
တကယ်တော့ ဒုတိယစာလုံးက စကားလုံးတစ်လုံးမဟုတ်ပါဘူး။ သံတူကြောင်းကွဲဟာသတစ်ခုပါ။]

"မမလေး၊ ဘာလို့ လျှို့ဝှက်သက်တော်စောင့်ကို ဒီကိုလာဖို့မပြောတာလဲ?"

ယွဲ့လန်က အကြံပေးသည်။

နဉ်ရှုက လက်ခါသည်။

"ဝမ်ရူဟွားလို အားပျော့တဲ့ကြက်ပေါက်စကို ငါ လက်ချောင်းတစ်ချောင်းတည်းနဲ့တောင် ဖြေရှင်းနိုင်တယ်။ နင့်သက်တော်စောင့်အစ်ကိုကြီးကို ခေါ်စရာမလိုပါဘူး။ ဒါမှမဟုတ် နင် သူ့ကို လွမ်းလို့လား? နင် ရွာအဝင်ဝဆီသွားပြီး သူ့ဆီအလည်သွားလို့ရပါတယ်။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now