EPISODE - 2

2.9K 341 24
                                    


EPISODE - 2 (Unicode)

" Hello Yerin "

" Hello ထယ်ယောင်း~ ငါနင့်ကို ညနေကျရင် အဖြေပေးတော့မလို့။ အဲဒါ...နင် ငါ့ကို proposeလုပ်ခဲ့တဲ့ ကော်ဖီဆိုင်လေးမှာ ညနေ လေးနာရီလောက် စောင့်နေပေးနော်။ ငါရှက်နေလို့ ဒီလောက်နဲ့ဖုန်းချလိုက်ပြီ "

ထယ်ယောင်း ဖုန်းစပီကာဖွင့်ထားသဖြင့် တစ်ဖက်ကပြောသမျှကို ဂျောင်ဂု ကြားနေရသည်။ သူ့ကောင်မလေးဆီက အဖြေရတော့မှာဆိုတော့ ထယ်ယောင်းတို့ သိပ်ပျော်ရှာမှာပေါ့။ ဒီလိုတွေးလိုက်မိတာ ဂျောင်ဂုအဖို့ နောင်တရမိမလို ဖြစ်ရသည်။ ထယ်ယောင်းပုံစံက ဟက်ဟက်ပက်ပက် ပျော်ပုံမရဘဲ တစ်ခုခုကိုစိုးရိမ်နေပုံရသည်လေ။

ထယ်ယောင်း မင်းဘာတွေ တွေဝေနေတာလဲ။ မင်းက ယောက်ျားလေးဆိုတော့ မိန်းကလေးတစ်ယောက်နဲ့တွဲဖို့စဥ်းစားတာ မင်းမှန်တယ်။ ငါက gay တစ်ယောက်မဟုတ်လို့ နမ်ဂျွန်းကို ပြန်ကြိုက်စရာအကြောင်းမရှိဘူး။ သူငယ်ချင်းအချင်းချင်း စည်းဖောက်ပြီးလာကြိုက်တာ သူ့အပြစ်နဲ့သူပဲ။ Yerinကလည်း ငါ့ကိုကြိုက်နေတာဆိုတော့ ငါ proposeလုပ်တာ လက်ခံမှာပဲ။ လောလောဆယ် Yerinကိုမချစ်သေးပေမယ့် အချိန်တန်ရင် သံယောဇဥ်တွယ်ပြီး ချစ်သွားမှာပါ။ လောလောဆယ် နမ်ဂျွန်းရန်ကလွတ်ဖို့ ဒီတစ်လမ်းပဲရှိတယ်။ ငါကယောက်ျားစစ်စစ်မို့ မိန်းကလေးတစ်ယောက်နဲ့တွဲတာ ဖြစ်သင့်တာပဲလေ။

" ထယ်ယောင်း မင်းကြည့်ရတာ ကောင်မလေးဆီကအဖြေရမှာကို သိပ်ပျော်တဲ့ပုံမပေါ်ပါလား။ မင်းချစ်ရေးဆိုထားတဲ့ ကောင်မလေးက မင်းကို No လို့ဖြေမှာ ကြောက်နေတာလား "

ဝတ်ကြေတန်းကျေမေးလိုက်ရသော်လည်း ဂျောင်ဂု ရင်ထဲမှာ သိပ်မပျော်နိုင်။ ထယ်ယောင်းအပေါ် သဘောကျနေသလို ခံစားချက်မျိုးကြောင့် ကောင်မလေးဆီက Yes အဖြေရသွားမှာမျိုး သူ့မသိစိတ်က စိုးရိမ်နေသည်။

မြင်မြင်ချင်းအချစ်ဆိုတာမျိုးက ဒါကိုပြောတာလား။ ထယ်ယောင်းကို နောက်တစ်ကြိမ် ငါစတွေ့ကတည်းက မသိစိတ်မှာ သူ့ပုံရိပ်လေးကို ခဏခဏခိုးကြည့်ချင်နေမိတာ။ အရွယ်ရောက်ပြီး တစ်သွေးတစ်မွေးနဲ့ နုဖတ်ဖွေးဥနေတဲ့ ဂျုံလုံးလိုကောင်လေးဖြစ်နေတော့ ငါသဘောကျမိတာဆန်းလား။ သူယောက်ျားလေးဖြစ်တော့လည်း ဘာအရေးလဲ။ သူ့ပုံစံက မိန်းကလေးတစ်ယောက်ထပ် အများကြီးပိုချစ်စရာကောင်းတာဆိုတော့ ငါ့မျက်လုံးထဲ ထယ်ယောင်း ကို ယောက်ျားသားတစ်ယောက်လို မမြင်မိဘူး။ အို ဘုရားသခင်! ထယ်ယောင်းကို သူ့ကောင်မလေး ပြန်မကြိုက်ပါစေနဲ့။

Love Scenario (KookV/Completed) Where stories live. Discover now