13

12.5K 626 21
                                    

💕💕 စေရင် 💕💕
...........(13). ..........

" ကိုကို ဒီအင်္ကျီလေးက ကိုကိုနဲ့လိုက်တယ် ယူလိုက်မယ် အဲ... ဒါလေးရော ယူမယ် ကိုကို"

" မောင် တော်လောက်ပြီထင်တယ် များတောင်များနေပြီနော် "

" မများပါဘူး ကိုကိုရယ် ကိုကိုနဲ့ တစ်ခါမှ Shopping မထွက်ဘူးဘူး ဟီး ပျော်ဖို့ကောင်းတယ်မို့လား ကိုကို "

" ကောင်းပါတယ် ဒါပေမယ့် ကိုကို့မှာ ဝတ်စရာတွေရှိပါသေးတယ် မောင်ရယ် "

" ကိုကိုကလည်း... ဝယ်ချင်လို့ဟာကို "

" ကဲပါ...ဝယ်ဝယ်..."

ကားအနောက်ခန်းထဲမှာလည်း တစ်ပုံတစ်ပင်နဲ့ ပို့ထားပြီးပြီ တစ်ခေါက် အခုနောက်နောက်တစ်ခေါက်စာက လက်ထဲပြည့်နေပြီ..
မောင်က ကျွန်တော့လက်ကိုတွဲပြီး ကလေးတစ်ယောက်လို ဝယ်ချင်တိုင်းဝယ်နေတာကို ပျော်ရွှင်နေတယ်...။ မျက်နှာကလည်း ပြုံးရွှင်နေတာပဲ...။ တကယ်ဆို မောင့်ရဲ့ကလေးဆန်တဲ့ ဘက်ခြမ်းကို ကျွန်တော်အခုမှ မြင်ဘူးတာပါ..။

အရမ်းကိုဖြူစင်ပြီး နူးညံ့နေတဲ့ အပိုင်းလေ..ခက်ထန်ပြီး မာကျောကျောအပိုင်းက တော့ ကျွန်တော့အတွက် အထူးအဆန်းတောင် မဟုတ်တော့။

ကျွန်တော်ကရော...။
ပျော်ပါသည်။ မောင်ပြုံးနေ ရယ်နေတဲ့အချိန်ဆို ကျွန်တော်ပျော်ပါသည်။ ဒါပေမယ့် ကျွန်တော် မောင့်ကို ကြောက်နေတုန်းပဲ ။ သူ့ရဲ့ခက်ထန်တဲ့အပိုင်းကို မြင်ထားသိထားပြီး ခံစားခဲ့ရဘူးသူဆိုတော့ ကျွန်တော်မောင့်ကိုကြောက်တယ်။

" သန့်စစ်ပိုင် ဘယ်လာတာ..အော်.."

" လင်းခန့် မင်းရော ဘယ်လာတာလဲ "

" ငါလည်း ဒီလိုပါပဲ ဘယ်နဲ့လဲ နေ့သစ်နဲ့ အဆင်ပြေသွားပြီလား.."

မောင့်ကိုမျက်ရိပ်ပြပြီး မေးလာတဲ့လင်းခန့် အမှတ်မထင်ဆုံရလို့ ဝမ်းသာစိတ်က ကျွန်တော့ရင်ထဲလှိုက်ခက်နေတာပါ...။ မောင့်ကိုကြည့်လိုက်တော့ ကျွန်တော်တို့ကို မှုန်ကုပ်ကုပ်ကြည့်နေတယ်။
ဟောဗျာ... မောင်က ကျွန်တော့ကို သဝန်တိုနေတာလား..?။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now