14

11K 585 22
                                    

💕💕 စေရင် 💕💕
...........(14). ..........

" အွန်း... ဘာကျန်သေးလဲ ဘာကျန်သေးလဲ... အာ... "

သန့်စစ်တစ်ယောက်တည်း စဥ်းစားလိုက် လိုသော ပစ္စည်းများရှိမည့် တန်းဘက်သွားကာ ဝယ်လိုက်ဖြင့် အလုပ်ရှုပ်နေမိရသည်။
စျေးဝယ်တွန်းလှည်းလေးထဲ တော်တော်များများ ဝယ်ပြီးပြီမို့ အပြည့်အမောက်ပင် ဖြစ်နေပြီ...။

အင့်! !

" အာ Sorry နော် "

တစ်စုံတစ်ယောက်က နောက်မှဝင်တိုက်မိချိန်တွင်တော့ ဘယ်သူမှားမှားမှန်မှန် အလိုလျှောက် ထွက်သွားမိတဲ့ နှုတ်ထွက်စကားကို ဆိုမိရသည်...။ " Sorry "

" အော် ဘယ်သူလဲလို့ ဟိုတစ်ယောက်ပဲ "

" ဗျာ "

Mask အနက်ရောင်အုပ်ထားပြီး Hoddy အနက်ဖြင့် ထိုကောင်လေးကို ကျွန်တော် စဥ်းစားနေမိသည်.. ။ မည်သူနည်း ဘယ်မှာဆုံခဲ့သနည်း။ ခက်တာက ကျွန်တော်မမှတ်မိဘူး။ မမှတ်မိဘူးဆိုသည်ကို ကျွန်တော် ထူးထူးဆန်းဆန်း ပြောခြင်း မဟုတ်ပါ။ ထိုသူ၏ တုံ့ပြန်မှု ' ဟိုတစ်ယောက်' ဟူသော အသံတွင် ကျွန်တော့အပေါ်မလိုလားမှုများရှိနေသည်ဟု အာရုံက ခံစားမိနေသည်။

ခက်ပါရော ကျွန်တော်စဥ်းစားမရ ဆုံဘူးသလားတောင်မသိသူတစ်ယောက်ဆီက မနှစ်မြို့သံက ခံရခက်လေသည်။

" အာ ကျွန်တော့ကိုမမှတ်မိဘူးလား "

Mask ကိုတစ်ချက်ဖြုတ်ပြလာပြီး ပြန်တပ်လိုက်သည်မို့ ကျွန်တော်မှတ်မိရတော့သည်

" ဟင် သူ...လွမ်း...မိုး... အော် ဟုတ် စျေးဝယ်ပဲလားဗျ "

" ဟုတ်တာပေါ့ "

ဟန်မပျက်သာ နှုတ်ဆက်လိုက်ရပေမယ့် သူလွှမ်းမိုးမျက်နှာကိုမြင်လိုက်သည်နှင့် မီးရောင်စုံဖြင့် Club တစ်ခုထဲ မောင်နှင့် အငမ်းမရနမ်းရှုံ့နေပုံတွေက ကျွန်တော့ အမြင်အာရုံထဲ ဝင်ရောက်လာသည်မို့ ကျွန်တော့ရင်ဘက်ထဲ ကျဥ်ခနဲပင် နာကျင်လာခဲ့ရသည်။
သို့သော်လည်း မောင့်လုပ်ငန်းများ၏ ပင်တိုင်မော်ဒယ်လ်တစ်ဦးမို့ ဆက်ဆံရေးပျက်၍ မဖြစ်ကြောင်း ကျွန်တော်နားလည်ပါသည်လေ...။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now