11🔞🔞

17.5K 663 20
                                    

💕💕 စေရင် 💕💕
...........(11). ...........

" ဦး...ကော်ဖီသုံးဆောင်ပါဦးခင်ဗျာ..."

ဦးမြတ်ခိုင် လမ်းကြုံဝင်လာရင်း ကင်ပွန်းစခန်းမှ ဟော်တယ်အကြောင်းအား ဆက်စပ်ကာ စကားပြောနေသည်။

ကိုကိုကအလိုက်တသိ မုန့်နှင့်ကော်ဖီလေး လာချပေးရင်း ဧည့်ခံရှာသည်။ ပြီးတော့ လက်နှစ်ဖက်အား ပွတ်လိမ်နေကာ တစ်ခုခုပြောချင်ဟန်ပြုနေသည်။
ကိုကိုက နောက်ပိုင်းပိုချစ်ဖို့ကောင်းလာတာလား နဂိုတည်းက ဒီလိုပဲ ချစ်စရာကောင်းခဲ့လား..။ နေ့သစ် နေ့သစ် မင်းတော်တော်ညံ့ပါလား..။ ဘာလို့မမြင်တတ်ခဲ့ရတာလဲ..။

" ကိုကို ဘာပြောစရာရှိလို့လဲ ပြောလေ.. အော် ဦးမြတ်ခိုင် ဒါ သန့်စစ်ပိုင်တဲ့ ကျွန်တော့ရဲ့.."

" အော် နေ့သစ် ကိုကို အစ်မဆီကိုဟင်းသွားပို့မယ့် ကိစ္စလေ..အဲ့ဒါ.."

" သွားလေကိုကို လေးကျော်ကိုပဲ ခေါ်သွားလိုက်ပေါ့.."

" ဟုတ် ကျေးဇူးပါ ဦးခွင့်ပြုပါဦးခင်ဗျာ "

ဦးမြတ်ခိုင်ခေါင်းကိုငြိမ့်ပြလိုက်ရင်း အသိအမှတ်ပြုပေးသည်။
********

" အစ်မ ဖူးဖူးလေးသက်သာလာပြီမို့လား
ဖူးဖူးသက်သာရင် အစ်မတို့က ပြန်တော့မှာနော် "

" အင်းးးးး သံလွင် မင်းနေ့သစ်က အစ်မတို့ကို ဒီမှာပဲ လုပ်ငန်းတစ်ခုလုပ်ပေးမယ်တဲ့ အဲ လှည်းတန်းနားမှာဆိုလားပဲ မနက်ခင်းမြန်မာမုန့်ဆိုင်လုပ်ပေးမယ်တဲ့ "

" ဟုတ်လား "

" အေးဆို သူ့ကိုလည်းအားနာပါတယ် ဒါပေမယ့် ဖူးဖူးလေးရှေ့ရေးလေးလည်း ပိုကောင်းမလားလို့ သံလွင် မင်းကိုစောင့်ရှောက်ထားပေးလို့ကျေးဇူးဆပ်တာပါတဲ့
အစ်မတစ်ခုမေးမယ်နော် "

" ဟုတ် မေးလေအစ်မ "

" အစ်မဘာလုပ်ရမလဲ "

" ဗျာ..."

" ဒီလိုလေ အစ်မက ကိုယ့်အကျိုးကိုကြည့်ပြီး လက်ခံလိုက်ရင် မင်းအတွက်များ အခက်အခဲရှိမလားလို့ ကျေးဇူးကြွေးဆိုတာ ဆပ်ရခက်တယ်လေ အစ်မက တကယ်ဆို မင်းနဲ့ဆက်ပြီးမှ နေ့သစ်ကိုသိရတာလေ "

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now