ထိုမျှသော ရက်စက်ကြမ်းကြုတ်မှုသည် စျေးထဲက အပေါက်ဆိုးဆိုး ငါးစိမ်းသည်တွေတောင်မှ မတုပနိုင်သော အရာဖြစ်သည်။ 

သိပ်မကြာလိုက် လုချိီရဲ့အော်ငိုသံတွေထွက်လာသဖြင့် ဟဲကျိန့်ပိုင် နှင့် လုချီယွမ်က သူမကို ဆဲလာကြတော့သည်။

ရုတ်တရက် လုမန်ဆံပင်တွေအနောက်မှဆောင့်ဆွဲခံလိုက်ရကာ လူက ဆန့်ကျင်ဘက်ကိုပါသွားပြီး ဆံပင်နှင့်ဦးရေ ကျွတ်ထွက်သွားတော့မည့်ပမာ ဦးရေခွံလည်း တော်တော်နာသွားသည်။

“ နင့်ညီမကိုလွှတ်ပေးလိုက်! ”
လုချီယွမ်က လုမန်ဆံပင်ကို ဆွဲထားရင်း အော်ပြောလိုက်တာဖြစ်သည်။

လုချီယွမ်က သူမကို ဦးရေခွံခွာသတ်ချင်သည့်ပမာ အကြမ်းပတမ်း ဆွဲဆောင့်ထားလျက်။

လုမန် ထိန်းသိမ်းမရစွာ ရယ်မောပစ်လိုက်သည်။ များများရယ်လေ ရူးသွပ်မိလေဖြစ်ကာ. .

ဒါဟာ သူမအဖေတဲ့လေ။

တခြားသမီးအတွက်သာဆိုရင် သူမကို သေသေရှင်ရှင် ပစ်ထားမည့် လူစားမျိုးရယ်ပါ။

လူသတ်မှုသာ ရာဇဝတ်မှုမမည်ပါက လုချီအတွက်နှင့် သူမကို လက်မရွံ့ဘဲ သတ်ပစ်လောက်မည်။ 

အစောတည်းက မမျှတမှုပေါင်းများစွာကြောင့် စိတ်ရှုပ်ထွေးခဲ့ရကာ သူမသည် ဒီအဖေရဲ့သမီးဖြစ်ပေမယ့်လည်း လုမိသားစုမှာ ယာယီတည်းခိုသည့် အပြင်လူပမာ အမြဲတစေ စွပ်စွဲအထင်လွဲခံရသည်။ 

ဒါတွေအကုန် ရှချင်းယန်ကြောင့်ဖြစ်မယ်လို့ တစ်ခါ တွေးမိပါသေးသည်။

တကယ်တမ်း လုချီယွမ်က ရှချင်းယန်နှင့်ပတ်သက်သမျှကို သဘောကျသည်ကြောင့် လုချီကို လုမန်ထက် ပိုတန်ဖိုးထားသည်။

အခုကျမှ သူမ နားလည်လိုက်သည်။ လုချီ နှင့် သူမ နှစ်ယောက်စလုံးသည် လုချီယွမ်၏ သမီးအရင်းဖြစ်ကြသော်လည်း သူက တစ်ဖက်တည်းကိုပဲကွက်ပြီး လသာသည်လေ။  

အခု သူမဦးရေခွံလည်း စက္ကန့်ပိုင်းအတွင်း ကွဲပြဲထွက်သွားတော့မည့်ပမာ အလွန်တရာသော နာကျင်မှုကို ခံစားလျက်ရှိသည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now