31. ကိုယ်နည်းနည်းတော့ကြောက်တယ် /ကိုယ်နည်းနည်းတော့ကြောက်တယ်

4.5K 876 19
                                    

Zawgyi

ပိုင်လင်းရန် ထျန်းလုဖန်းရဲ့နှုတ်ခမ်းတွေကို ခံစားချက်အပြည့်နဲ့ နမ်းရှိုက်နေတုန်းမှာ သူ့မျက်လုံးဆီသို့ စူးခနဲထိခတ်လာတဲ့ အလင်းတန်းတစ်ခုကြောင့် မှေးမှိတ်ထားတဲ့မျက်လုံးတွေကို ပြန်လည်ဖွင့်ဟလိုက်ပြီး ထျန်းလုဖန်းရဲ့နောက်ကျောဘက်ကို စူးစိုက်ကြည့်လိုက်တယ်။

ပေ20လောက်အနက်အောက်မှာ ဒီလောက်အချိန်ကြာတဲ့အထိ အသက်ရှူဖို့အတွက်အခက်အခဲမရှိသေးတာ ကံကောင်းပေမယ့် အချိန်ဒီထက်ကြာလာရင်ဘာတွေဖြစ်လာမလဲဆိုတာမသိနိုင်ဘူး ။ နောက်ပြီး တောင်စွယ်တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့နေရာဖြစ်တာကြောင့် နေဝင်ဖို့အချိန်က ပိုပြီးမြန်ဆန်လိမ့်မယ်။ သူတို့တွေ အလင်းရောင်လုံးဝကွယ်ပျောက်မသွားခင် အပေါ်ကိုပြန်တက်နိုင်ရင် အကောင်းဆုံးပဲ။

သူတို့နှစ်ယောက်ပြုတ်ကျလာခဲ့တဲ့ နေရာက တွင်းနက်တစ်ခုလိုမျိုးဖြစ်နေခဲ့ကာ အောက်ခြေမှာရှိနေတဲ့မြေလွှာက သဲဆန်ပြီး အနည်းငယ်လောက်ပျော့နေခဲ့တာကြောင့် ထျန်းလုဖန်းရဲ့ကိုယ်မှာ ပြင်းထန်တဲ့ဒဏ်ရာမရခဲ့တာဖြစ်နိုင်တယ် ။ မကြာခင်ကာလတုန်းက သူပြုတ်ကျခါနီးအချိန်မှာ ထျန်းလုဖန်းက လှမ်းဆွဲဖို့ကြိုးစားလိုက်ပေမယ့် အရှိန်မထိန်းလိုက်နိုင်ဘဲ နှစ်ယောက်လုံးပြုတ်ကျခဲ့တဲ့အတွက် အကြင်သူက သူ့ကိုထိခိုက်ဒဏ်ရာမရစေဖို့ ခပ်တင်းတင်းဖက်ပြီးကာကွယ်ပေးခဲ့ပုံပဲ ။

ဒီတော့ ထျန်းလုဖန်းက သူ့ရဲ့နောက်မှာဘယ်အချိန်ကတည်းကရောက်နေခဲ့တာလဲ ။ သူကျိန်ဆဲနေတဲ့စကားလုံးတွေကိုတော့မကြားသွားလောက်ဘူးမလား ။ သူ ထျန်းလုဖန်းထံသို့မသိမသာလေးလှည့်ကြည့်မိတော့ မဆိုစလောက်ကော့တက်နေတဲ့နှုတ်ခမ်းနှစ်လွှာနဲ့အတူ မျက်ခုံးကိုပင့်မ,ရင်းပြန်ကြည့်လာတဲ့မျက်ဝန်းတစ်စုံနဲ့အကြည့်ချင်းစုံမိသွားတယ်။

လက်နှစ်ဖက်ကို ခပ်လျော့လျော့ပွေ့ပိုက်ထားပြီး ပျင်းရိလေးတွဲစွာရပ်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ပုံစံက ထျန်းလုဖန်းနဲ့မှဘာလို့ဒီလောက်ထိကြည့်ကောင်းနေရတာလဲ။ အလင်းရောင်ပါးလျနေတဲ့နေရာမျိုးမှာတောင် ပိရိသေသပ်တဲ့မေးရိုးနဲ့ ခပ်စင်းစင်းနှာတံတို့ကြောင့် မျက်နှာအချိုးအစားရဲ့ပြီးပြည့်စုံမှုကိုထင်ရှားပေါ်လွင်နေစေပြီး ယောင်ယောင်လေးကော့တက်လာတဲ့နှုတ်ခမ်းပါးတို့နဲ့ အဓိပ္ပာယ်ဖွင့်ဆိုရခက်ခဲတဲ့အကြည့်တို့ကိုပေါင်းစပ်လိုက်တဲ့အခါ တစ်ဖက်သားကိုကောင်းကောင်းဆွဲဆောင်နိုင်ဖို့ရာအတွက်လုံလောက်နေပြီ။

Rebirth as a Playboy (Complete) Where stories live. Discover now