A Forgotten Love-12

Start from the beginning
                                    

"အစ်ကို..အစ်ကို စားလေ"

"အင်း ဟင်းတွေထပ်ထည့် မပေးနဲ့တော့။
အစ်ကို့မှာလည်း လက်ပါတယ်"

မျက်နှာတည်သွားတဲ့ ဇွဲလွန်းပြည့်က ဟယ်ရီ့
ကိုကြည့်ပြီး ပြုံးပြလာသည်။ခင်ထူးမွန်ကတော့ ထမင်းစားနေရင်းတောင် Laptopတစ်လုံးနဲ့
အလုပ်လုပ်နေတုန်းမို့ ဟယ်ရီတို့ကို သတိမထား
မိလိုက်။ဟယ်ရီ့ကို ဇွဲလွန်းပြည့်ကြည့်နေတာ
သိပေမဲ့လည်း ထမင်းကိုသာ အာရုံစိုက်စား
ဖြစ်တော့သည်။မြေပဲကြော်ပန်းကန်ဆီကို
လက်လှမ်းမိတော့ ဇွဲလွန်းပြည့်က အလန့်တကြား ထအော်သည်။

"မတည့်ဘူးလေ!"

"ဟမ်..မင်းသိတာလား"

"ဟိုတစ်ခါ နေ့လယ်စာသွားစားကြတုန်းက
မာလာရှမ်းကောထဲမှာ မြေပဲတွေပါလို့ အစ်ကို
ဖယ်စားနေတာကို တွေ့တယ်လေ..အဲ့တာကြောင့်"

"ကျေးဇူးပဲ ဇွဲလွန်း..အစ်ကိုလည်း အလုပ်
လုပ်ချင်ဇောနဲ့ မြန်မြန်စားနေလို့"

"အေးဆေးသာစားပါဗျာ..အချိန်ရှိပါသေးတယ်။
အလုပ်ပုံကြီးက ထွက်မပြေးဘူး စိတ်ချ"

"အေးပါကွာ..အေးဆေးပဲစားပါ့မယ်"

ဟယ်ရီ ပြုံးကာပင် ပြန်ပြောမိသည်။တစ်ခါ
တစ်ခါ ရိသဲ့သဲ့လုပ်တာကို ဟယ်ရီမကြိုက်ပေမင့်
ဇွဲလွန်းပြည့်က ခင်ဖို့ကောင်းသည်။ပျော်တတ်
သည့် လူငယ်တစ်ယောက်လည်းဖြစ်သည်။
ဟယ်ရီမှမဟုတ်..သူ့ထက်အကြီးဆိုလည်း
ရိုသေတတ်ပြီး ဂရုစိုက်ပေးတတ်တဲ့သူ။
ဇွဲလွန်းပြည့်ကို လုပ်ဖော်ကိုင်ဖက် တစ်ယောက်
အနေနဲ့၊သူငယ်ချင်းလိုမျိုး၊ညီတစ်ယောက်ကဲ့သို့သာပင် ဟယ်ရီသဘောထားနိုင်တာပါ။

ရောလွန်းရင် ပေါတတ်တယ်ဆိုသလိုမျိုး၊
ကောင်းလွန်းရင်လည်း အထင်မှားတတ်တယ်။

"အစ်ကိုက ဟန်ဆောင်ကောင်းလိုက်တာ၊
သူလည်းစိတ်ပါနေပြီးတော့များ..ရိုးသားသလို
တွေ သိပ်လုပ်တတ်တာပဲ"

တိုးတိုးတိတ်တိတ် ရေရွတ်ဖြစ်တဲ့ စကား
တစ်ခွန်းမှာ ပေါ့လျော့တဲ့ အတွေးတွေနဲ့။
ငါထင်ရင် လွဲခဲတယ်၊ငါ့အတွေးတွေကသာ
အမှန်ဆိုတဲ့ လူစားမျိုး။သူဖြစ်ချင်တာ တစ်ခု
ထဲကိုပဲကြည့်ပြီး သူကပဲကြီးမြတ်သလိုအချိုး
မျိုးတွေနဲ့။ဒါ သိပ်မုန်းစရာကောင်းတဲ့ အခြေ
အနေတစ်ခုပဲ။

A Forgotten Love[Completed]Where stories live. Discover now