(၂)

502 81 0
                                              

"ကိုကို ကျွန်တော် လက်မထပ်ချင်ဘူး ကိုကို ပြောပေးပါဦး ကျွန်
တော် ကိုကိုနဲ့မခွဲနိုင်ဘူး ကုဝေရဲ့အကိုကလေ ကြောက်ဖို့ကောင်း
တယ် သူကြည့်တာကြီးကလည်းကြောက်စရာကြီး ကျွန်တော်သူနဲ့
မနေချင်ဘူး ကိုကို လုပ်ပါဦး အပါးကိုပြောပေးပါ‌နော်"

ငိုကာသူ့ကိုအားကိုးတကြီးပြောနေတဲ့ ညီငယ်ကိုကြည့်ပြီး
ချန်ယွီရင်တွေကွဲတော့မလိုပဲ ။သူဘာမှမတက်နိုင်ဘူးလေ။

ဆေးရုံမှာသတိရရချင်းပဲ ၀မ်ရိချန်ရော ရှောင်းကျန့်ပါရောက်လာ
ကာ နောက်အပတ်ထဲလက်ထက်ရမယ့်အကြောင်းကိုပြောသွား
သည်။ ချန်ယွီ ကိုယ့်ကိုယ်ကိုယ် အသေသတ်ပစ်လိုက်ချင်သည်။သူ့
ညီလေးကို သူမကာကွယ်နိုင်တော့ဘူးလား ။ သူ့ညီငယ်မလုပ်ချင်တဲ့
အရာကို ဘာလို့အတင်းစီစဉ်နေကြတာလဲ ။ အပါးနဲ့စကားပြောရင်
လည်း အသုံး၀င်မှာမဟုတ်မှန်းသိသည် ။ ရှောင်းကျန့်နဲ့စကားပြော
ဖို့ပဲရှိတော့သည်။ ။

"အင်း ကိုကိုက အကုန်လုပ်ပေးမယ် ။ အိပ်လိုက်ဦးနော် ပင်ပန်း
နေလိမ့်မယ် မငိုနဲ့တော့ ကိုကိုကအိပ်‌ပျော်တဲ့ထိ စောင့်ပေးမယ်"

၀မ်ရိပေါ်က ခေါင်းကိုထပ်တလဲလဲ ငြိမ့်ပြကာ စောင်ကိုခြုံလိုက်
ကာ မျက်လုံးမှိတ်ပြီး အိပ်စက်ရန်ကြိုးစားလိုက်သည်။

**************

"လက်ထက်ပွဲကိုဖျက်လိုက်ပါ ကျွန်တော့ညီလေးက မလုပ်ချင်ဘူး
လို့ပြောနေတယ်မလား ။ရှောင်းကျန့်အတွက်လည်း ဘာမှအကျိုး
မရှိလောက်ဖူးမလား ကျွန်တော့ညီလေးက ဒီအတိုင်း ကျောင်းသား
လေးတစ်ယောက်ပါပဲ "

ကော်ဖီဆိုင်တစ်ဆိုင်မှာ ချိန်းပြီး နှစ်ယောက်စကားပြောနေကြသည်။
ရှောင်းကျန့်က ဘလက်ကော်ဖီကို သောက်ရင်း ချန်ယွီပြောတာကို
နားထောင်သည်။

"မကြာခင်ယောက်ဖတော်ရမယ့်သူတွေပဲ အခုထဲကအဆင်ပြေ
အောင်နေသင့်တယ်ထင်တယ် ကျုပ်စကားမများချင်ဘူး အဲ့ညက
မှားသွားတဲ့ အမှားကို ကျုပ်က ကျိန်းသေပေါက်တာ၀န်ယူမှာ
ဘာလို့ဆို ကျုပ်က၀မ်ရိပေါ်ကိုချစ်တယ်‌လေ ချန်ယွီလည်းနားလည်
ပေးမယ်လို့မျှော်လင့်ပါတယ် "

Hurts So Good[Zhanyi/Complete]Where stories live. Discover now